MPyps+ App သုံးပြီး QR Code နဲ့ငွေပေးချမှုကို ယာဉ်လိုင်း ၇၇လိုင်းအထိ သုံးနိုင်ပြီ

2024-02-16 00:00:00 · MPyps+


YBS ယာဉ်လိုင်းတွေကို နေ့စဉ်အသုံးပြုနေသူတွေအတွက် YPS ကတ် စနစ်သာမကဘဲ MPyps+ App သုံးပြီး QR Code နဲ့ ငွေပေးချေမှုကို ယာဉ်လိုင်း ၇၇လိုင်းအထိ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။


YPS QR Services များကို အသုံးပြုနိုင်ပြီဖြစ်တဲ့ ယာဥ်လိုင်းတွေကတော့ YBS (55), YBS (13) , YBS(57), YBS (63), YBS (42), YBS (65), YBS (22) , YBS (64), YBS (111), YBS (133), YBS (134), YBS (84), YBS(135), YBS (142), YBS (130), YBS (136), YBS (138), YBS (139), YBS (39), YBS (21), YBS (131), YBS (80) , YBS (81) , YBS (132), YBS (85), YBS (76) , YBS (27), YBS(66), YBS(79), YBS (12), YBS (14), YBS (25), YBS (30), YBS (38), YBS (117), YBS (128), YBS (100), YBS (103), YBS (19), YBS (40), YBS (35), YBS (61), YBS (68), YBS (137), YBS (62), YBS(87), YBS (108), YBS (88),YBS (37), YBS (43), YBS (96), YBS (104), YBS (109), YBS (72), YBS (89), YBS (24), YBS (28), YBS (58), YBS (113), YBS (36), YBS (116), YBS (11), YBS (115), YBS (60), YBS (29), YBS (17), YBS (141), YBS (145), YBS(10),YBS(14),YBS(15),YBS(26),YBS(7-05),YBS(7-06) ,YBS( 8) , YBS(12) တို့ဖြစ်ပါတယ်။


YPS QR စနစ်ကို အသုံးပြုလိုပါက MPyps+ Application (Android Version) ကို Google Play Store မှ Download ဆွဲပြီး YPS QR အသုံးပြုရန် Register ပြုလုပ်ရပါမယ်။ YPS Card YPS QR Code နဲ့ ယာဥ်စီးခကိုပေးချေပါက ငွေသားနဲ့ပေးချေတဲ့ ယာဥ်စီးခနှုန်းထားထက် သက်သာတဲ့နှုန်းနဲ့ ယာဥ်စီးနိုင်ခွင့်ရမှာဖြစ်တဲ့အပြင် YPS Card Balance ကို လည်း MPyps+ Application နဲ့ ကိုယ်တိုင်စစ်နိုင်မှာဖြစ်ပါတယ်။

Comment: 30

  • Report
  • Please Login before posting a comment

    User_mPwXeL

    105 32 106 မှာလည်းလုပ်ပေးစေချင်ပါတယ်

    Reply13 days ago
    0

    Bo Bo

    Qr ဘယ်လိုလုပ်ရမလဲဗျ

    Reply23-05-2024
    1

    Kyaw Thiha Aung

    verification failed ဘဲ့ ဖြစ်ဖြစ်နေတယ်။ ကိုယ်တိုင်ဖွင့်လို့မရဘူးလား။ YPS ဆိုင်တွေမှာဘဲ့ ဖွင့်မှ ရတာလား။

    Reply23-05-2024
    0

    User_A0ay1w

    register လုပ်ပြီး ငွေကဘယ်ဟာနဲ့ဖြည့်ရမှာလဲ scanကိုနှိပ်တာ အလုပ်မလုပ်လို့

    Reply18-03-2024
    1

    user-moemaylay

    QR code က ငွေပဲဖြည့်လို့ရ‌ေသးတာလား သုံးလို့မရသေးဘူးလား QR scanကဖတ်မရ ကားသမားတေကစိတ်မရှည်နဲ့့

    Reply17-03-2024
    1

    ဦးခင်မောင်ဌေး

    ဒီappသုံးနည်းလေးမျှဝေပေးကြပါ

    Reply16-03-2024
    0

    Thaw_Zinn

    YBS 136 တွေမှာ QR error တက်နေပါတယ် card နဲ့ပဲ ဖြတ်လို့ ရနေပါတယ် YBS 59,24,62,96 ကားတွေမှာ စက်ပိတ်ထားတာ ခုထိ ကြုံနေရဆဲပါ

    Reply11-03-2024
    2

    co coe

    ပြထားတော့ကားက အစုံပဲ အကြွေမဆောင်ချင်လို့ QR လေးလုပ်ပါတယ် တတ်လိုက်တဲ့ကားတိုင်းက စက်ပျက် စက်ပိတ် စက်ပလတ်စတစ်စွပ် တဲ့ အစုတ်အပျက်တွေချည်း 111 ကားဆို‌ပိုဆို scan ဖတ်ချင်တာတောင် မရဘူး မဖတ်ခိုင်းဘူး 400 အတင်းတောင်း နင်တို့ YBS ကားတွေကို အရင် ပြုပြင်ပြောင်းလဲလိုက်ဦး

    Reply07-03-2024
    7

    Saw NGH

    YBS 4ရောမပါသေးဘူးလားဗျ

    Reply01-03-2024
    0

    Thein Htike

    App ကိုတော့ ဒေါင်းပြီးသွားပြီ ဘယ်လိုဆက်လုပ်ရမလည်း ခင်ဗျ

    Reply29-02-2024
    3
    • 30

    • 3

    • 0

    MPyps+
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore