YPS QR Code နဲ့ ဘယ်နေရာတွေမှာ Top Up လုပ်လို့ရနိုင်မလဲ…?

2024-01-10 10:53:25 · MPyps+

MPYPS+ Application လေးကို Download ဆွဲ ပြီး YPS QR Code လေးနဲ့ YBS ယာဥ်စီးခပေးချေနိုင်စေဖို့ YPS QR Code နဲ့Top Up လုပ်လို့ရတဲ့ နေရာတွေကတော့ လက်ရှိ YPS ကတ်သုံးစွဲမှုအတိုင်း YPS KIOSK အရောင်းဆိုင်များ၊ G&G အရောင်းဆိုင်များ၊ Mingalar Cinema အဆင်မြင့်ရုပ်ရှင်ရုံများ၊ Capital Suparmart များ နဲ့ Wiilington Pharmacy တို့ပဲ ဖြစ်ပါတယ်။


YPS QR လေးကို ဘယ်လိုရယူနိုင်မလဲ 🤔🤔

MPyps+ Application လေးကို Download ဆွဲ ပြီး Register လေးလုပ်ထားရုံပါပဲ။ 🤗🤗

နောက်ထပ် ထူးခြားတာလေးက YPS ကတ်ရှိသူတင်သာ ငွေဖြည့်လို့ရမှာမဟုတ်ပဲ YPS ကတ်မရှိသူတို့လည်း MPyps+ Application မှာ အကောင့်ဖွင့်ပြီး ရလာတဲ့ QR code လေးနဲ့ ငွေဖြည့်လို့ ရပြီး YPS ယာဥ်စီးခကိုလည်း ပေးချေလို့ရပြီဆိုတော့ ကတ်မရှိလို့ စိတ်ညစ်နေရတဲ့ မိတ်ဆွေတို့လည်း အခုပဲ MPYps+ Application ကို Download ဆွဲ၊ အကောင့်လေးဖွင့်ပြီး QR code နဲ့ Top up လုပ်လိုက်ပါနော်။😊😊


"MPyps+" Application ကို ရယူလိုပါက Play Store မှ တဆင့်ရယူနိုင်ပါပြီ။


YPS QR Code နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Yangon Payment Service Facebook Page Chat Box သို့ လာရောက်မေးမြန်းစုံစမ်းနိုင်သလို၊ Call Center Phone Number (09969990905) သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် (နံနက် (၉) နာရီ ) မှ (ညနေ(၅) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Comment: 36

  • Report
  • Please Login before posting a comment

    User_G1TU3v

    g&gဘယ္ဆိုင္ေတြမှာရလဲရှင့္

    Reply14 days ago
    0

    User_IHC32F

    တစ်ချို့ကားတွေ ကဒ်ဖြတ်တိုင်ကို အိပ်စွပ်ထား တယ်

    Reply23-04-2024
    0

    Hein Htet Zaw

    KBZPay နဲ့ ငွေဖြည့်ခွင့်ရ​အောင်လည်း ကြိုးစားပေးပါဦး။

    Reply30-03-2024
    4

    User_A0f0Mz

    ဖုန်းနံပါတ်ကခေါ်တော့လဲမရဘူးဘာလဲ

    Reply06-03-2024
    0

    Kyaw Zin Tun

    ဆောက်သုံးမကျတဲ့ဟာတွေ k pay တွေ mobile banking တွေ နဲ့ ငွေဖြည့်ရအောင်လုပ်ပါလား ဆောက်ရေးဆို ကားစီး ဖို့ငွေဖြည့်ရမယ့်ရောလိုက်ရှာနေရတယ် ဆောက်လုပ်လုပ်ရင်လဲဆောက်ဖြစ်ရှိအောင်လုပ် ကသောင်းကနင်း နဲ့ user တွေကဆောက်ရူးတွေကျနေတာပဲ မင်းတို့ လုပ်သမျှပဲ user တွေအဆင်ပြေအောင် ပိုလုပ်ပေးရမယ် မစဥ်းစားဘူးလား

    Reply06-03-2024
    2

    Lu Q

    ငါတို့လမ်းထိပ်က G&G မှာ မရဘူးတဲ့။ Online payment App ကနေ ဖြည့်လို့ရတာမျိုးပဲဖြစ်ဖြစ်၊ mini Store တွေမှာ ဖြည့်လို့ရမယ်ဆိုလည်း store အတော်များများမှာ ဖြည့်လို့ရ၊ သုံးလို့ရအောင် လုပ်ပေးထားသင့်တယ်။

    Reply06-03-2024
    2

    U Kyaw Gyi

    play/wave / mobile banking နဲ့ ထည့်ရရင် ပိုအဆင်ပြေပါမယ်

    Reply16-02-2024
    3

    LOL Nay Thu Zay

    G&Gတချို့ဆိုင်တွေကမရဘူးနော် မေးလိုက်ရင် စက်ပျက်နေတာနဲ့ကုန်နေတာနဲ့ မရတာနဲ့များနေတယ်

    Reply05-02-2024
    1

    LOL Nay Thu Zay

    Mobile Banking K pay တို့နဲ့ရရင်ပိုကောင်းတယ်

    Reply04-02-2024
    2

    Haymarlwin

    QR code မပေါ်ဘူ

    Reply03-02-2024
    1
    • 36

    • 2

    • 1

    MPyps+
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore