FAQ ( အမေးများဆုံးမေးခွန်းများ )

2023-12-15 14:09:41 · MPyps+

Q1. MPyps+ က ဘယ်လိုမျိုး Application လဲ။ ဘာတွေလုပ်လို့ရလဲ။

👉အများပြည်သူများ ဘတ်စ်ကားစီးရာတွင် YPS ကဒ်ဖြင့်သာမက ဖုန်းအသုံးပြု၍ QR ကုဒ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေနိုင်ခြင်း၊ ငွေသွင်း၊ငွေထုတ် နှင့် လက်ကျန်ငွေစာရင်းများ စစ်ဆေးနိုင်ခြင်း။

👉ငွေပေးချေမှု သီးသန့်သက်သက်မဟုတ်ပဲ အသုံးပြုသူများ စိတ်အပန်းဖြေနိုင်ရန်အတွက် သုတ၊ရသ စုံလင်စွာဖြင့် ပို့စ်များကြည့်ရှုနိုင်ခြင်း။

👉မိမိကိုယ်တိုင် ပို့စ်များ၊ Video များ ၊ Short Video များဖန်တီး တင်ဆက်နိုင်ခြင်း။

Q2. MPyps+ ကိုသုံးမယ်ဆို အင်တာနက် ချိတ်ဆက်ထားဖို့လိုပါသလား။ ဘာတွေလိုအပ်ပါသလဲ။

Android Smart Phone နှင့် အင်တာနက် (Wifi /Mobile Data) ချိတ်ဆက်၍ စနစ်ကို အသုံးပြု နိုင်ပါတယ်။

Q3. MPyps+ ကို ဘယ်နေရာတွေကနေ download လုပ်နိုင်ပါသလဲ။

Google play store မှ download လုပ်နိုင်ပါတယ်။

Q3. MPyps+ ကို Android Version ဘယ်လောက်နဲ့ သုံးလို့ရပါသလဲ။

Android Version- 6 မှစ၍ အသုံးပြုနိုင်ပါတယ်။

Q4. MPyps+ ကိုသုံးမယ်ဆို VPN ခံပြီး အသုံးပြုလို့ရပါသလား။

စနစ်အသုံးပြုရာတွင် VPN မလိုအပ်ပါ။ အကယ်၍ VPN တပ်ဆင်ထားပြီး အသုံးပြုပါက စနစ်လုပ်ဆောင်မှု အနည်းငယ်နှေးသွားမည်ဖြစ်ပါတယ်။

Q5. MPyps+ ကို ဘယ်နေရာဒေသတွေက ကြည့်ရှုနိုင်ပါသလဲ။ နိုင်ငံရပ်ခြားမှ ကြည့်လို့ရပါသလား။

မည်သည့်နေရာဒေသမှမဆို စနစ်ကိုအသုံးပြုနိုင်ပါတယ်။ နိုင်ငံရပ်ခြားမှအသုံးပြုလိုပါက အကောင့်ဖွင့် သည့်အခါ အီးမေးလ်ဖြင့်ဖွင့်၍ အသုံးပြုနိုင်ပါတယ်။

Q6. ဘာသာစကားပြောင်းလို့ရပါသလား။

မြန်မာဘာသာ(သို့)အင်္ဂလိပ်ဘာသာဖြင့်အသုံးပြုနိုင်ပါတယ်။

Q7. MPyps+ ကို install လုပ်ပြီးတာနဲ့ ကြည့်လို့ရပါသလား။ အကောင့်မဖွင့်ပဲ (Register မလုပ်ပဲ) MPyps+ ကို အသုံးပြုလို့ရပါသလား။

MPyps+ ကို install လုပ်ပြီးတာနဲ့ အကောင့်မဖွင့်ပဲ ပို့စ်များကို စတင်ကြည့်ရှုနိုင်ပါတယ်။ သို့သော် QR ကုဒ်စနစ်ဖြင့်ယာဉ်စီးခ ပေးချေခြင်း၊ မိမိကိုယ်ပိုင်ပို့စ်တင်ခြင်း၊ တခြားသူများ၏ ပို့စ်များတွင် မှတ်ချက်ပေးခြင်း၊ မျှဝေခြင်းနှင့် Like/Follow များ ပြုလုပ်၍ မရသေးပါ။

Q8. အကောင့်ဘယ်လိုဖွင့်ရမလဲ။ အကောင့်ဖွင့်ရန်ဘာတွေလိုအပ်ပါသလဲ။

စနစ်ကို install လုပ်ပြီးတာနဲ့ Login screen မှတဆင့် Register Account ကို နှိပ်၍ အကောင့်ဖွင့်နိုင်ပါတယ်။ Registration ပြုလုပ်ပြီး အချက်အလက်စစ်ဆေး၍ တစ်ရက်အတွင်း Verification Approve ရယူပြီး QR ကုဒ်စနစ်ဖြင့်ယာဉ်စီးခ ပေးချေခြင်း၊ မိမိကိုယ်ပိုင်ပို့စ်တင်ခြင်း၊ တခြားသူများ၏ ပို့စ်များတွင် မှတ်ချက်ပေးခြင်း၊ မျှဝေခြင်းနှင့် Like/Follow များ ပြုလုပ်နိုင်ပါတယ်။

Q9. အကောင့်ဖွင့်ရန်အတွက် သင့်တွင် ဖုန်းနံပါတ်တစ်ခု (သို့) အီးမေးလ် တစ်ခုရှိရန်လိုအပ်ပါ သလား။

ဖုန်းနံပါတ်လိုအပ်ပါတယ်။ ဖုန်းနံပါတ်မရှိပါက (သို့) သင့်၏ဖုန်းနံပါတ်သည်ဆက်သွယ်၍ မရနိုင်သောနေရာဒေသသို့ ရောက်ရှိနေပါက အီးမေးလ်ဖြင့်အကောင့်ဖွင့်နိုင်ပါတယ်။

Q10. ဖုန်းနံပါတ်တစ်ခု (သို့) အီးမေးလ် တစ်ခုနှင့်အကောင့် (၂) ခုဖွင့်လို့ရပါသလား။

မရပါ။ အကောင့်တစ်ခုသာရပါတယ်။

Q11. အကောင့်ကို ဖုန်းနံပါတ်ဖြင့်မဖွင့်ပဲ အီးမေးလ် နဲ့အကောင့်ဖွင့်ပါကဘယ်လိုကွာခြားမှုရှိပါသလဲ။

အီးမေးလ် နဲ့အကောင့်ဖွင့်ပါက YPS QR ကုဒ်သုံး၍ ယာဉ်စီးခပေးချေခြင်း ကိစ္စပြုလုပ်၍ မရနိုင်ပါ။

Q12. အတည်ပြုကုဒ်ဆိုတာဘာလဲ။ ဘယ်လိုရယူနိုင်ပါသလဲ။

အကောင့်ဖွင့်သည့်အခါ သင်ချိတ်ဆက်ထားသော ဖုန်း / အီးမေးလ် မှန်ကန်​ကြောင်း စစ်ဆေးရန်အတွက် အတည်ပြုကုဒ်ကိုစနစ်မှပေးပို့ခြင်းဖြစ်ပါတယ်။ အတည်ပြုကုဒ်ရယူရန်အတွက် Login screen မှ “Send” ကိုနှိပ်ပါက ဂဏန်း ၆ လုံးပါသည့် အတည်ပြု ကုဒ်ကို စနစ်မှ သင်ချိတ်ဆက်ထားသော ဖုန်း / အီးမေးလ် သို့ ပေးပို့မည်ဖြစ်ပါတယ်။ ထိုကုဒ်ကို ရယူ၍ Login screen တွင် မှန်ကန်စွာ ထည့်သွင်း၍ အကောင့်ဖွင့်နိုင်ပါ တယ်။ စနစ်သို့ဝင်ရောက်လိုလျှင်လည်း အတည်ပြုကုဒ်သုံး၍ ဝင်ရောက်နိုင်ပါတယ်။

Q13. အကောင့်ဖွင့်ပြီး စနစ်သို့ဝင်သောအခါ အတည်ပြုကုဒ်ပေးပို့ရန် ချိတ်ဆက်ထားသော ဖုန်း/အီးမေးလ် အဆင်သင့် မရှိပါက တခြားဖုန်းမှ စနစ်ထဲသို့ ဝင်လို့ရပါသလား။

အကောင့်ဖွင့်သည့်အခါ မိမိအကောင့်စကားဝှက်သတ်မှတ်ပေးထားပါက အတည်ပြုကုဒ်မသုံးပဲ စကားဝှက် အသုံးပြု၍ အင်တာနက်ရှိလျှင်ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

Q14. အကောင့်တစ်ခုကို တပြိုင်နက်ဖုန်း (၂ ) လုံးမှသုံး၍ ရပါသလား။

မရပါ။ ဖုန်းတစ်လုံးတွင် သုံးနေစဉ် တခြားနေရာမှ ဝင်လိုက်ပါက ပထမသုံးနေသော အကောင့်မှအလိုအ လျောက်ထွက်သွားပါမည်။

Q15. မိမိအကောင့်စကားဝှက်ပြောင်းလို့ရပါသလား။

ရပါတယ်။ အကောင့်ဆက်တင်မှဝင်ရောက်၍ပြောင်းနိုင်ပါတယ်။

Q16. မိမိအကောင့်ဝင်ရန်စကားဝှက်မေ့သွားပါကဘယ်လိုပြန်လုပ်လို့ရပါသလဲ။

စကားဝှက်မေ့သွားပါက Login screen မှ Forgot Password ကိုနှိပ်၍ စကားဝှက်အသစ် ပြောင်း၍ အသုံးပြုနိုင်ပါတယ်။

Q17. မိတ်ဆက်ကုဒ် ( Invite Code ) ဆိုတာဘာလဲ။ မိတ်ဆက်ကုဒ်ဘယ်ကရယူနိုင်ပါသလဲ။

စနစ်အသုံးပြုရန် မိမိမှ တဆင့်သူငယ်ချင်းများအား မိတ်ဆက်ပေးသည့်အခါ မိတ်ဆက်ခအဖြစ် စနစ်မှ ဆုကြေးငွေထုတ်ပေးမည်ဖြစ်ပါတယ်။ ဆုကြေးငွေထုတ်ယူရာတွင် မိတ်ဆက်ကုဒ်ကို အသုံးပြုရမည် ဖြစ်ပါတယ်။ စနစ်သို့ဝင်ရောက်၍ မိမိ ပရိုဖိုင်း ( Reward ) တွင် မိတ်ဆက်ကုဒ်ကို ရယူနိုင်ပါတယ်။

Q18. မိတ်ဆက်ခဆုကြေး ဘယ်လိုရယူနိုင်ပါသလဲ။

စနစ်အသုံးပြုရန် သူငယ်ချင်းများနှင့်မိတ်ဆက်ပေးသည့်အခါတိုင်း မိမိ၏ မိတ်ဆက်ကုဒ်ကို သူငယ်ချင်းများ အားပေးရမည်ဖြစ်ပါသည်။ ထိုသူငယ်ချင်းများမှ စနစ်ကိုအကောင့်ဖွင့်ပြီး မိမိ၏ မိတ်ဆက်ကုဒ်ကို ( ၂၄ ) နာရီ အတွင်းစနစ်သို့ ထည့်ပေးလိုက်ပါက မိမိ ၏ အကောင့်တွင် မိတ်ဆက်ခ ဆုကြေးငွေဝင်လာမှာဖြစ်ပါတယ်။ မိတ်ဆက်ခဆုကြေးရရှိပါက လက်ရှိတွင် ငွေသားထုတ်ယူ၍ မရနိုင်သေးပါ။ သို့သော် ယာဉ်စီးခပေးချေငွေ အဖြစ် လဲလှယ် အသုံးပြုနိုင်ပါတယ်။

Q19. ကားစီးဖို့အတွက် YPS Card နဲ့ YPS QR တွေကို ငွေဖြည့်/Topup ဘယ်မှာလုပ်လို့ရလဲ။

YPS Card နဲ့ YPS QR ငွေဖြည့် ဝန်ဆောင်မှုတွေကို YPS Card အရောင်းကောင်တာများ(KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များ နှင့် Wellington Pharmacy များတွင် ရယူနိုင်ပါတယ်။ http://bit.ly/ypsstores Link မှကြည့်ရှုနိုင်ပါတယ်။

Q20. မိမိကြည့်ရှုလိုတဲ့ ချန်နယ်တွေကို ဘယ်လို Add/Remove လုပ်ရမလဲ။

စနစ်သို့ဝင်ရောက်ပြီး ပင်မ စာမျက်နှာပေါ်ရှိ ချန်နယ် များဘေးတွင် menu ဘား ကိုဖိ၍ ချန်နယ်များပြောင်း နိုင်ပါတယ်။

Q21. MPyps+ မှာမိမိကြည့်လိုသောအကြောင်းအရာကိုဘယ်လိုရှာဖွေလို့ရပါသလဲ။

Search တွင် မိမိကြည့်ရှုလိုသောအကြောင်းအရာကိုရိုက်ထည့်ရှာဖွေနိုင်ပါတယ်။

Q22. MPyps+ မှာ တင်ဆက်ထားတဲ့ သီချင်း၊ ရုပ်ရှင် စသောအကြောင်းအရာတွေကြည့်မယ်ဆို ကြည့်ရှုခပေးရသလား။

မလိုအပ်ပါ။

Q23. MPyps+ မှာပို့စ်တင်မယ်ဆို ဘာတွေအရင်လုပ်ရမလဲ။

အကောင့်အစစ်အမှန်ဖြစ်ကြောင်းအချက်အလက်စစ်ဆေးရန် ( Verification )လိုအပ်ပါတယ်။ အချက်အလက် စစ်ဆေးပြီးမှ သာ ပို့စ်များ၊ Video များ၊ Short Video များကို တင်ခွင့်ရရှိပါမယ်။

Q24. အချက်အလက်စစ်ဆေးရန် ( Verification )ဘာတွေလိုအပ်ပါသလဲ။ အချိန်ဘယ်လောက်ကြာပါသလဲ။

မှတ်ပုံတင်အချက်အလက်နှင့် ကြည်လင်ပြတ်သားစွာရိုက်ထားသော မှတ်ပုံတင် အရှေ့ တစ်ပုံ၊ မှတ်ပုံတင် အနောက်ဘက်တစ်ပုံနှင့် မိမိပုံ (Selfie လည်းရ) တစ်ပုံလိုအပ်ပါတယ် ။ အချက်အလက်စစ်ဆေးချိန်မှာ အများဆုံး ( ၁ ) ရက်ကြာမြင့်ပါမယ်။ Passport နဲ့ Verification ပြုလုပ်ခြင်းကို နိုင်ငံခြားသားများသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Q25. မှတ်ပုံတင်နာမည်နဲ့ အကောင့်နာမည်မတူရင်ရပါသလား။

ရပါတယ်။ အကောင့်နာမည်ကို မိမိနှစ်သက်သလိုပေးနိုင်ပါတယ်။

Q26. စစ်ဆေးမှုမအောင်မြင်ပါကဘာလုပ်ရမလဲ။

စစ်ဆေးမှုမအောင်မြင်ပါက အချက်အလက်ပြင်ဆင်၍ပြန်လည်တင်သွင်းနိုင်ပါတယ်။

Q27. MPyps+ မှာ ဘယ်လိုအကြောင်းအရာတွေတင်လို့ရပါသလဲ။ ဘာတွေတင်လို့မရဘူးလဲ။

မိမိကြိုက်နှစ်သက်ရာ ပို့စ်(စာနှင့်ပုံ)များ၊ Video များ၊ Short Video များကို တင်နိုင်ပါတယ်။

သို့သော် အောက်ပါအကြောင်းအရာများနှင့်ပတ်သက်သော ပို့စ်(စာနှင့်ပုံ)များ၊ Video များ၊ Short Video များကို ပို့စ်တင်ရောက်ခွင့်မပြုပါ။

•နိုင်ငံရေး ( ပြည်တွင်း၊ပြည်ပ) နှင့်သက်ဆိုင်သော၊ သတင်းများပါဝင်သော ပို့စ်များ၊ ပုံများ ၊ ဗီဒီယိုများ။

•18+ နှင့်သက်ဆိုင်သောပို့စ်များ၊ ပုံများ ၊ ဗီဒီယိုများ။

•အစိုးရဖြစ်စေ၊ ပုဂ္ဂလိက ဖြစ်စေ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု စသည်ဖြင့်ဦးတည်၍ တိုက်ခိုက် ပြောဆိုသည့် ပို့စ်များ၊ ပုံများ ၊ ဗီဒီယိုများ။

•ဆဲဆိုခြင်း၊ ညစ်ညမ်းစွာပြောဆိုရေးသားထားသည့် ပို့စ်များ၊ ပုံများ ၊ ဗီဒီယိုများ။

•အနိဌာရုံ ပို့စ်များ၊ ပုံများ ၊ ဗီဒီယိုများ။

•မူပိုင်ခွင့်မရှိသော မြန်မာသီချင်းများ၊ မြန်မာရုပ်ရှင်များ။

Q28. ပို့စ်တွေတင်တင်ခြင်း မိမိအကောင့်တွင် ထုတ်လွှင့်ပေးပါသလား။

ပို့စ်တင်ပြီးပါက MPyps အဖွဲ့မှစိစစ်ပြီးမှသာထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

Q29. ပို့စ်တွေစိစစ်ဖို့အတွက် အချိန်ဘယ်လောက်ကြာပါသလဲ။

အများဆုံး (၁) ရက် ကြာမြင့်ပါမယ်။

Q30. ပို့စ်တွေကို Schedule နဲ့ ကြိုပြီးတင်ထားလို့ရပါသလား။

ပို့စ်(စာနှင့်ပုံ)များကို Schedule နဲ့ ကြိုတင် တင်ထားလို့ရပါတယ်။ Video များ၊ Short Video ပို့စ်များအတွက် Schedule မရပါ။

Q31. MPyps+ မှာ အသုံးပြုသူ အချင်းချင်း စာပို့လို့ရပါသလား။

ရပါတယ်။

Q32. မိမိပို့စ်တွေကို ဖျက်လို့ရလား။ ပို့စ်တွေကို ဘယ်လိုပြင်ရမလဲ။

ရပါတယ်။ မိမိပရိုဖိုင်းအောက်တွင်ဝင်၍ ပြင်လို/ဖျက်လိုသောပို့စ်ကိုရွေး၍ ပြင်/ဖျက်နိုင်ပါတယ်။

Q33. မှတ်ချက်ပေးထားရင်ဘယ်လိုပြင်ရမလဲ။ ဖျက်လို့ရပါသလား။

ပြင်၍မရပါ။ မှတ်ချက်ပေါ်တွင်ဖိ၍ဖျက်လို့ရပါတယ်။

Q34. Video တွေ Auto Play ကိုဘယ်ကလုပ်လို့ရပါသလဲ။

စနစ်ထဲသို့ဝင်ရောက်ပြီး မိမိပရိုဖိုင်းရှိ အကောင့်ဆက်တင်တွင်ပြင်နိုင်ပါတယ်။

Q35. Video တွေကို download လုပ်လို့ရပါသလဲ။ ဘယ်လိုလုပ်ရသလဲ။

Short Video တွေကို download လုပ်လို့ရပါတယ်။ Short Video ပြသနေတဲ့ screen ပေါ်မှာလက်နဲ့ဖိ၍ download လုပ်နိုင်ပါတယ်။

Q36. အကောင့်ဖွင့်ပြီးပြန်ဖျက်လို့ရပါသလား။

အကောင့်ဖွင့်ပြီးပြန်ဖျက်၍မရပါ။ နာမည်ပြောင်း၍ရပါတယ်။

Q37. ထပ်မံသိလိုသည်များကိုမေးမြန်းလိုပါက ဘယ်လိုဆက်သွယ်ရမလဲ။

MPyps+ စနစ်သို့ ဝင်ရောက်၍ Customer Service ( Hot Line - 09969990905 ) မှတဆင့် တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (၉) နာရီ ) မှ (ညနေ(၅) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

YPS QR ဖြင့်ပေးချေနိုင်သည့် ယာဥ်လိုင်းများစာရင်းကို အချိန်နှင့်တပြေးညီကြေညာပေးသွားမည်ဖြစ်ပြီး အသေးစိတ်ကို

  • MPyps+ စနစ်သို့ ဝင်ရောက်၍ YPS ချန်နယ်အောက်တွင်တင်ထားသော Post များမှသော်လည်းကောင်း
  • Yangon Payment Services – YPS ( https://www.facebook.com/ypspayment  ) Page ရှိ Post များမှသော်လည်းကောင်း Page Messenger မှတဆင့်သော်လည်းကောင်း စုံစမ်းမေးမြန်း နိုင်ပါတယ်။

Comment: 17

  • Report
  • Please Login before posting a comment

    Kyaw Zarni Win

    YPS Card ပျောက်သွားပြီး ကဒ်နံပါတ်မှတ်မိတယ်ဆိုရင် ပျောက်သွားတဲ့ကဒ်ထဲက ကျန်တဲ့ငွေကို ကဒ်အသစ်ထဲ ပြောင်းထည့်လို့ရပါသလား။ ​အဲ့ဒီအတောအတွင်းမှာ ပျောက်သွားတဲ့ကဒ််််ကိုရော ပိတ်ထားလိို့ရပါသလား။

    Reply01-05-2024
    0

    User_IHC32F

    Payment Qr Code ကို Print ထုတ်ပြီး ကားစီးဘို့ သုံးလို့ရပါသလား?Recharge codeူကတော့Print ထုတ်သုံးလို့ရပါသည်။

    Reply23-04-2024
    0

    User_IHC32F

    Payment Qr Code ကို Print ထုတ်ပြီး ကားစီးဘို့ သုံးလို့ရပါသလား?

    Reply23-04-2024
    0

    User_IHC32F

    Payment Qr Code ကို Print ထုတ်ပြီး

    Reply23-04-2024
    0

    User_IHC32F

    Payment Qr Code ကို Print ထုတ်ပြီး

    Reply23-04-2024
    0

    ကိုနေလ

    G-mail ဖြင့် အကောင့်ဖွင့် (မှတ်ပုံတင်ဖြင့်) Verified ဖြစ်ခဲ့ရာ QR code သုံးဖို့ ဖုန်းဖြင့် Verifie ဖြစ်ရန်လိုသဖြင့် ဖုန်းဖြင့် ကုဒ်တောင်း၍ မရဘူးဖြစ်နေပါတယ်။ ကူညီပေးပါရန်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    Reply31-03-2024
    0

    Sr. oNe

    အပ်ပလီးကေးရှင်းကို ဒေါင်းထားပြီး မှတ်ပုံတင်ထားတာကြာပါပြီး ၊ ဒါပေမဲ့ ငွေဖြည့်သွင်းလို့မရတော့ အသုံးပြုလို့မရဖူးဖြစ်နေတယ်၊ဖုန်းက မြန်မာဖောင့် နဲ့ဆို မရဖူးလိုပြောနေပါတယ် ၊အဲ့တာဆိုင်လားမသိဖူး

    Reply30-03-2024
    0

    SAI AUNG PHOO

    Banker ဆိုတော့ Banker အတွေး ပြောပါမယ်၊ ကားစီးတဲ့ နေရာရောက်မှ ထည့်ရတာထက်စာရင် Wallet Money တွေကနေလည်း Top-up လုပ်လို့ရအောင် လုပ်ပေးရင် ပိုကောင်းမယ် ထင်ပါတယ်။

    Reply27-01-2024
    3

    PTW

    MYyps ကိုယ်ပိုင် QR code ကို ငွေသွင်းပြီးတဲ့အခါ QR ကို print ထုတ် ပလပ်စတစ်လောင်း ပြီး Bus ကား စီးရာမှာ ဖုန်းအသုံးမပြု ပဲ print စာရွက်ပုံ နဲ့ QR ဖတ်ပြီး ငွေပေးချေလို့ ရပါ သလား

    Reply22-01-2024
    3

    Zaw Myo Hein

    တိကျသေချာတဲ့ FAQ ကြီးနော် ( ) နာရီ ဆိုတာချည်းပဲ၊ ပြီးတော့ စောက်တလွဲ mindset ကလည်းရှိသေး ဘာတဲ့ email နဲ့ဖွင့်ထားတဲ့အကောင့်က QR သုံးမရဘူး Phone No. နဲ့ဖွင့်မှဆိုပဲ အဲ့တော့ email နဲ့ဖွင့်ထားတဲ့အကောင့်ကို ပိတ်ပြီး phone no. နဲ့ထပ်ဖွင့်လိုက်ရတယ် တကယ်စောက်တလွဲ mindset ပါနော်

    Reply15-01-2024
    2
    • 17

    • 6

    • 0

    MPyps+
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore