ဘင်ဖီကာရဲ့နှစ် ၆၀ ကြာ ရှုံးပွဲမရှိစံချိန်ကို လိုက်မီဖို့ လေဗာကူဆင် တစ်ပွဲသာလို

2024-05-03 12:30:00 · Your Channel

မေ ၃

လေဗာကူဆင်အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ရောမမှာ ရိုးမားနဲ့ ကစားခဲ့ရာ ၂ ဂိုးပြတ်အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၄၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ ရှေ့ဆက်နေပါတယ်။ လေဗာကူဆင်ဟာ အဝေးကွင်းမှာ ပုံစံကောင်းပြသခဲ့ပြီး ဖလိုရီယန်ဝစ်ဇ်နဲ့ အန်းဒရစ်ချ်တို့က ဂိုးတွေသွင်းပေးခဲ့တာပါ။

ဥရောပထိပ်တန်းလိဂ် ၁၀ ခုမှာ ဘင်ဖီကာအသင်းက ၄၈ ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ထားပြီး ၁၉၆၃ ကနေ ၁၉၆၅ အတွင်း စံချိန်ရခဲ့တာပါ။ နှစ်ပေါင်း ၆၀ အတွင်း ဘင်ဖီကာရဲ့စံချိန်ကို ဘယ်အသင်းကမှ လိုက်မမီခဲ့ပေမယ့် လေဗာကူဆင်က လိုက်မီဖို့ရှိနေပါတယ်။လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါဆုကို ပိုင်ဆိုင်ထားပြီး ဖလားသုံးလုံးအိပ်မက် ရှင်သန်နေပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore