ရာသီကုန်မှာ ချဲလ်ဆီးက ထွက်ခွာတော့မယ်လို့ တီယာဂိုဆေးလ်ဗား ပြောကြား

2024-04-30 10:00:00 · Your Channel

ဧပြီ ၃၀

အငက် ၃၉ နှစ်အရွယ် ဘရာဇီးလ်ဝါရင့်နောက်ခံလူတီယာဂိုဆေးလ်ဗားက ဒီနှစ်ဘောလုံးရာသီကုန်မှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆေးလ်ဗားဟာ ၂၀၂၀ ပြည့်နှစ်က ပီအက်စ်ဂျီကနေ ချဲလိဆီးကို ပြောင်းလာသူဖြစ်ပြီး ၁၅၁ ပွဲ ကစားပေးခဲ့ပါတယ်။

" ချဲလ်ဆီးက ကျွန်တော့်အတွက်တော့ အများကြီးလေးနက်ပါတယ်။ ဒီကိုပြောင်းလာတုန်းက တစ်နှစ်ပဲကစားဖို့ပါ။ အခု လေးနှစ်တောင်ကစားဖြစ်သွားတယ်" လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ဆေးလ်ဗားဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၂၅ ပွဲ၊ ပြိုင်ပွဲစုံ  ၃၄ ပွဲ ကစားထားပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံး ဆွတ်ခူးခဲ့ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore