ပရီးမီးယားလိဂ်ပွဲ ၃၀၀ မှာ နိုင်ပွဲအများဆုံးနည်းပြအဖြစ် ဂွာဒီယိုလာ မှတ်တမ်းဝင်

2024-04-29 17:00:00 · Your Channel

ဧပြီ ၂၉

မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲ ၃၀၀ မြောက်အဖြစ် နော်တင်ဟမ်နဲ့ပွဲကို ကိုင်တွယ်ခဲ့ပါတယ်။ စပိန်လူမျိူးနည်းပြလည်းဖြစ်တဲ့ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲ ၃၀၀ မှာ နိုင်ပွဲ ၂၂၁ ပွဲနဲ့ နိုင်ပွဲအများဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့နောက်မှာ မော်ရင်ဟိုက ၁၈၉ ပွဲနိုင်နဲ့ ရပ်တည်နေပါတယ်။ ဂွာဒီယိုလာဟာ ၂၀၁၆ က မန်စီးတီးကို စတင်တာဝန်ယူခဲ့သူပါ။

ဆက်လက်ပြီး ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလားကာကွယဖို့က လက်ကျန်ပွဲတွေမှာ သရေကျလို့တောင် မရကြောင်း ပြောပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore