မန်စီးတီး အမှတ်လျော့နိုင်ကြောင်း ပြောကြားလာတဲ့ ဘူကာယိုဆာကာ

2024-04-29 15:00:00 · Your Channel

ဧပြီ ၂၉

အာဆင်နယ်အဓိက,ကစားသမားဘူကာယိုဆာကာက မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အမှတ်လျော့နိုင်ကြောင်း ပြောကြားလာပါတယ်။ " မန်စီးတီးဟာ တကယ့်အံ့မခန်းအသင်းဖြစ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်တော့ရှိမှာပါ။ ဘယ်သူကမှပြီးပြည့်စုံတာမရှိပါဘူး။ သူတို့လည်း အမှတ်လျော့နိုင်တယ်။ ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်လုပ်ရမယ်" လို့ ဆာကာကပြောကြားခဲ့ပါတယ်။

ဆာကာဟာ စပါးနဲ့မြောက်လန်ဒန်ဒါဘီမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၉ ဂိုးသွင်းယူပြီး ၁၄ ကြိမ် ဂိုးဖန်တီးကာ ခြေစွမ်းပြနေပါတယ်။ အာဆင်နယ်ဟာ မေ ၄ ရက်မှာ ဘုန်းမောက်ကို လက်ခံကစားရမှာပါ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore