ချန်ပီယံဆုအကြောင်းမတွေးဘဲ တစ်ရက်ချင်းရှေ့ဆက်ဖို့ ဟာလန်း ပြောကြား

2024-04-29 10:00:00 · Your Channel

ဧပြီ ၂၉

မန်စီးတီးတိုက်စစ်မှူးဟာလန်းက မိမိတို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအ​ကြောင်းမတွေးဘဲ တစ်ရက်ချင်းအလိုက် ရှေ့ဆက်ဖို့ ကစားဖော်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ကြွက်သားဒဏ်ရာကြောင့် ကြားရက်မှာ မကစားနိုင်ခဲ့ဘဲ နော်တင်ဟမ်နဲ့ပွဲမှာ ပြန်လည်ပါဝင်ကာ ဂိုးသွင်းခဲ့ပြန်ပါတယ်။

" ဒီအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအ​ကြောင်း မစဥ်းစားတာက အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။ အများကြီးတွေးနေရင် ခေါင်းရှုပ်လိမ့်မယ်။ တစ်ရက်ချင်းရှေ့ဆက်ရမယ်။ အနားယူမယ်။ ပျော်ပျော်ရွှင်ရွှင်ကစားရမယ်။ လာမယ့်ပွဲကို အာရုံစိုက်ရမယ်" လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ လက်ရှိမှာ သွင်းဂိုး ၂၁ ဂိုးနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရဖို့ ထိပ်ဆုံးကပြေးနေပါတယ်။ မန်စီးတီးဟာ မေ ၄ ရက်မှာ ဝုလ်ဗာဟမ်တန်နဲ့ အဝေးကွင်းကစားရမှာပါ။

မန်စီးတီးဟာ ၃၄ ပွဲကစားပြီး ၇၉ မှတ်နဲ့ ၃၅ ပွဲကစားထားတဲ့ အာဆင်နယ်ကို တစ်မှတ်အကွာ ဖိအားပေးနေပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore