နိုင်ပွဲတွေနဲ့ရှေ့ဆက်ဖို့ ကစားဖော်တွေကို တိုက်တွန်းလိုက်တဲ့ စီရော်နယ်ဒို

2024-04-28 17:00:00 · Your Channel

နိုင်ပွဲတွေနဲ့ရှေ့ဆက်ဖို့ ကစားဖော်တွေကို တိုက်တွန်းတဲ့ စီရော်နယ်ဒို

----------

ဧပြီ ၂၈

အယ်လ်နာဆာအသင်းခေါင်းဆောင်တိုက်စစ်မှုးစီရော်နယ်ဒိုက မိမိတို့အနေနဲ့ နိုင်ပွဲတွေနဲ့ ရှေ့ဆက်ဖို့အတွက် ကစားဖော်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ အယ်လ်နာဆာဟာ ဆော်ဒီပရိုလိဂ်ပွဲစဥ် ၂၉ အဖြစ် အယ်လ်ခါလက်ချ်ကွင်းမှာ ကစားခဲ့ရာ လာပေါ်တီရဲ့တစ်လုံးတည်းသောဂိုးကြောင့် အနိုင်ရကာ နိုင်ပွဲဆက်ခဲ့ပါတယ်။

" နိုင်ပွဲရခဲ့တာကြောင့် ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့ နိုင်ပွဲတွေဆက်ဖို့ ကြိုးစားရမယ်" လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။ အယ်လ်နာဆာအသင်းဟာ ၂၉ ပွဲကစားပြီး ၇၁ မှတ်နဲ့ အဆင့်တစ်နေရာက အယ်လ်ဟီလယ်နဲ့ ၉ မှတ်ကွာဟကာ ဒုတိယနေရာမှာပါ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore