မန်ချက်စတာယူနိုက်တက်ကို ကောင်းကောင်းသတိပေးလိုက်တဲ့ ဂျာဂင်ကလော့ပ်

2024-04-08 10:00:00 · Your Channel

မန်ချက်စတာယူနိုက်တက်ကို ကောင်းကောင်းသတိပေးလိုက်တဲ့ ဂျာဂင်ကလော့ပ်

-------------

ဧပြီ ၈

အိုးထရက်ဖို့ဒ်မှာ နှစ်ဂိုးစီသရေကျပြီးနောက် လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က မန်ချက်စတာယူနိုက်တက်ကို ကောင်းကောင်းသတိပေးလိုက်ပါတယ်။ လီဗာပူးလ်ဟာ ဆာလက်ချ်ရဲ့ပင်နယ်တီကြောင့်သာ အဝေးကွင်းမှာ သရေရခဲ့တာဖြစ်ပါတယ်။

မန်ယူဟာ လာမယ့်မေလ ၁၁ ရက်မှာ အာဆင်နယ်ကို လက်ခံကစားရမှာပါ။ ကလော့ပ်အနေနဲ့ အဲ့ဒီပွဲစဥ်မှာ မန်ယူကို အားပေးမလားလို့ သတင်းထောက်က မေးမြန်းခဲ့ပါတယ်။

" မန်ယူက ဒီပုံစံနဲ့ အာဆင်နယ်ကို မလွယ်ဘူး။ မန်ယူကိုတော့ အားပေးချင်တာပေါ့။ ဒါပေမယ့် အာဆင်နယ်က တကယ့်အသင်းကောင်းပါ။ မန်ယူသာ ကျွန်တော်တို့ကို ကစားတဲ့ပုံစံအတိုင်းကစားရင် အာဆင်နယ်ပဲ နိုင်သွားလိမ့်မယ်။ ကျွန်တော် ရာနှုန်းပြည့်ပြောရဲတယ်။ ဒီလိုပြောရတဲ့အတွက် ဆောရီးပါ" လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အမှတ်လျော့ခဲ့တဲ့ လီဗာပူးလ်ဟာ အာဆင်နယ်နဲ့ ၇၁ မှတ်ချင်းတူပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာပါ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore