နောက်တစ်ပွဲနိုင်တာနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်တော့မယ့် လေဗာကူဆင်

2024-04-07 15:00:00 · Your Channel

နောက်တစ်ပွဲနိုင်တာနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်တော့မယ့် လေဗာကူဆင်
---------
ဧပြီ ၇

စပိန်လူမျိုးနည်းပြဇာဗီအလွန်ဆိုရဲ့လက်အောက်မှာ ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ဟာ လာမယ့်ပွဲမှာ ဝါဒါဘရီမင်ကို နိုင်လိုက်တာနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆု သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါပွဲစဥ် ၂၈ မှာ လေဗာကူဆင်က ယူနီယံဘာလင်ကို အနိုင်ရပြီး ဘိုင်ယန်မြူးနစ်က ဟိုင်ဒန်ဟိမ်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် လေဗာကူဆင်ဟာ လက်ကျန် ၆ ပွဲအလို ၇၆ မှတ်နဲ့ ဘိုင်ယန်ကို ၁၆ မှတ်ဖြတ်ထားပါတယ်။လေဗာကူဆင်ဟာ ဒီရာသီ ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရပ်တည်နေပါတယ်။ လေဗာကူဆင်ဟာ လက်ရှိမှာ ပြိုင်ပွဲစုံ ၄၁ ပွဲဆက် ရှုံးပွဲမရှိသေးပါဘူး။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore