ဘရိုက်တန်ကွင်းမှာ ၃ ဂိုးပြတ်နိုင်ပြီး ပရီးမီးယားလိဂ်အဆင့်တစ် အာဆင်နယ် ပြန်တက်

2024-04-07 10:00:00 · Your Channel

ဘရိုက်တန်ကွင်းမှာ ၃ ဂိုးပြတ်နိုင်ပြီး ပရီးမီးယားလိဂ်အဆင့်တစ် အာဆင်နယ် ပြန်တက်

---------

ဧပြီ ၇

အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်အဆင့်တစ်ကို ပြန်ရောက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းသာရခဲ့ပေမယ့် ဂိုးပေါက်တည့်နဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု ပိုသာခဲ့ပြီး ဆာကာ၊ ဟာဗက်ဇ်နဲ့ ထရော့ဆက်ဒ်တို့က ဂိုးသွင်းခဲ့ပါတယ်။

ဟာဗက်ဇ်ရဲ့သွင်းဂိုးက ဒီရာသီပရီးမီးယားလိဂ် ဂိုး ၁၀၀၀ မြောက် ဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်ကတော့ ၂၀၂၃ သြဂုတ်နောက်ပိုင်း ပရီးမီးယားလိဂ် ပထမဆုံးအိမ်ကွင်းရှုံးပွဲ ကြုံခဲ့ရပါတယ်။

အာဆင်နယ်ဟာ ၇၁ မှတ်နဲ့ လီဗာပူးလ်နဲ့မန်စီးတီးကို ၁ မှတ်ဖြတ်ကာ ဦးဆောင်နေတာပါ။ အာဆင်နယ်ဟာ ၂၀၂၄ အတွင်း ပရီးမီးယားလိဂ်ရှုံးပွဲမရှိဘဲ ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထားပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Your Channel
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore