ခင်ပွန်းရဲ့ အချစ်တွေ ပိုတိုးလာစေနိုင်တဲ့ အချက်များ

2024-05-16 20:47:37 · Relationship Effect

အိမ်ထောင်ရေးက တစ်ခါတစ်ရံမှာ မှော်ဆန်တတ်ပါတယ်။ အရမ်းချစ်နေကြပေမယ့်လည်း ဖောက်ပြန်ခံရတာ မျိုးဖြစ်တတ်သလို ချစ်သူဘဝကထက်ကို ပိုပြီးအချစ်ခံရတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် သာယာတဲ့ အိမ်ထောင်ရေးဖြစ်ပြီး ခင်ပွန်းရဲ့ အချစ်တွေ ပိုတိုးလာအောင် ဘယ်လိုအချက်တွေနဲ့ ဆွဲဆောင်သင့်သလဲဆိုတာ ကို ပြောပြပေးချင်ပါတယ်။



(၁) စိတ်လှုပ်ရှားအောင် ဆွဲဆောင်ပါ

စိတ်လှုပ်ရှားမှုဖြစ်အောင် လုပ်ဆောင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ကြည့်တာ၊ အချစ်ကားကြည့်တာ၊ ဟာသကားကြည့်တာလုပ်လို့ ရပါတယ်။ သူလဲ စိတ်ဝင်စားပြီး အချစ်မီးတောက်အောင်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မတူတဲ့ အသစ်အဆန်းနည်းတွေကို ဖန်တီးပြီး အတူတူ ရှာဖွေဖို့ လိုအပ်ပါတယ်။



(၂) ရုပ်ရှင်တူတူကြည့်ရင်း ဝိုင်သောက်ပါ

အိမ်မှာ လက်တွဲဖော်နဲ့ အတူတူ ရုပ်ရှင်ကြည့်တာဆိုရင် ဝိုင်လေး သောက်ရင်း ရုပ်ရှင်လေး ကြည့်ရင်း လုပ်တာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဇာတ်လမ်းကောင်းကို အတူတူကြည့်ရင်း ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို တက်ကြွစွာ ဆွေးနွေးမှု တစ်ခုလုပ်တာကလည်း ကိုယ့်ခင်ပွန်းရဲ့ အကြိုက်ကို သိနိုင်သလို ကိုယ့်ခင်ပွန်းရဲ့ စိတ်သဘောထားကိုလည်း သိလာနိုင်ပါတယ်။

(၃) နှစ်ယောက်လုံးရဲ့ အချစ်ခံစားမှုကို နားလည်ပေးပါ

အချစ်တွေဖော်ပြတာက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ တစ်ချို့ကတော့ လက်ဆောင်ပစ္စည်းတွေ ပေးပြီး အချစ်ကို ဖော်ပြတတ်ကြသလို အချို့ကတော့ ရိုမန့်တစ်ဆန်တဲ့ နေရာတွေကို ခေါ်သွားပြီ အချစ်တွေကို ဖော်ပြတာတွေလည်း ရှိပါတယ်။ တစ်ချို့တွေကတော့ အချစ်ကို ဂရုစိုက်မှုတွေနဲ့ ဖော်ပြတတ်ကြပါတယ်။ အဓိကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာကို ဘာသာစကားအမျိုးမျိုးနဲ့ ဖော်ပြကြပေမယ့် ချစ်ခြင်းဘာသာစကားရဲ့ အသိအမှတ်ပြုတဲ့ သင်္ကေတကတော့ ထွေးပွေ့ခြင်း၊ ပွေ့ဖက်ခြင်းပဲ ဖြစ်ပါတယ်။ ထွေးပွေ့ခြင်း၊ ပွေ့ဖက်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပေးလို့ ရပါတယ်။



(၄) မျှဝေထားတဲ့ အိပ်မက်တွေကို ပြန်လည်ရှာဖွေပါ

အိမ်ထောင်ပြုပြီး ကာစမှာ ဟန်နီးမွန်းထွက်ပြီးပြီဆိုပြီ နေ့စဉ်ရက်ဆက်ကို ဒီအတိုင်းပဲ ဖြတ်သန်းတာက ရေရှည်မှာ စိတ်ဖိစီးမှုတွေကို မကျော်လွန်နိုင်ပါဘူး။ သို့ပေမယ့် လက်ထပ်ပြီး တစ်နှစ်တစ်ခါ ခရီးထွက်ပေးတာက စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်သလို ဒေသန္တရ ဗဟုသုတတွေလည်း ရရှိစေနိုင်ပါတယ်။



(၅) အတူတူရယ်မောပေးပါ

စိတ်ညစ်စရာရှိရင်လည်း အေးအတူ ပူအမျှ ခံစားဖို့ လိုအပ်သလို ရယ်မောစရာရှိရင်လဲ အတူတူရယ်မောပေးဖို့ လိုအပ်ပါတယ်။ ရယ်မောခြင်းက စိတ်ခံစားချက်ကို ပေါ့ပါးစေရုံသာမက အတူတကွ တည်ဆောက်ခဲ့တဲ့ ပျော်ရွင်စရာ အခိုက်အတန့်ဖြစ်စေနိုင်ပါတယ်။



(၆) မိခင်အဖြစ်ကို ကျော်လွန်၍

အိမ်ထောင်ပြုလိုက်ပြီဆိုရင် မိခင်တစ်ဦးဖြစ်ဖို့သေချာနေပါပြီ။ မိခင်တစ်ဦးဖြစ်လာရင် လှပတဲ့ အသွင်ကနေ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုဖြစ်လာပါတယ်။ ကလေးမွေးစကနေ တစ်နှစ်ကျော်လောက်ထိ ကိုယ့်ကိုယ်ကို ထက် ကလေးကိုပဲ ပိုပြီး ဂရုစိုက်ကြရတာပါ။ တစ်ခါတစ်ရံမှာ ဒါက ငါ့မိန်းမမှ ဟုတ်ရဲ့လားဆိုတဲ့အထိ သံသယ ဖြစ်တတ်ပါတယ်။



(၇) စွန့်စားခန်းအသစ်တွေ စတင်ပါ

ပုံမှန်ဘဝက တစ်ခါတစ်ရံမှာ ငြီးငွေ့လာပြီလို့ ခံစားရတတ်ပါတယ်။ လုပ်ရိုးလုပ်စဉ်တွေကို ဖြတ်ကျော်ပြီး အံ့အားသင့်စရာကောင်းတဲ့ ခရီးသွားတာ၊ တောင်တက်တာတွေကို လုပ်ကြည့်သင့်ပါတယ်။ ပတ်ဝန်းကျင်အသစ်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပြန်လည်ရှာဖွေခြင်းက အိမ်ထောင်ရေးမှာ အမြင်သစ် တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။


ဒါကြောင့် အိမ်ထောင်ရေးမှာ လုပ်နေကြဖြစ်တဲ့ ပုံမှန်ဘဝကို ကျော်လွန်ပြီး ကမ္ဘာကြီးကို ထွက်ကြည့်သင့်ပါတယ်။

Ref: To Make Your Husband Love

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Relationship Effect
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore