Relationship တစ်ခုကို ဘယ်အချိန်မှာ အဆုံးသတ်မလဲ

2024-05-15 23:26:58 · Relationship Effect

တစ်စုံတစ်ယောက်ကို ချစ်မိတာဟာ အရမ်းအံ့သြပျော်ရွှင်စရာကောင်းတဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ ချစ်ရတဲ့သူနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိလာတဲ့အခါမှာ ဘဝနဲ့ပတ်သက်ပြီး အတွေးသစ်အမြင်သစ်တွေကို စတင်တွေ့မြင်လာရတတ်ပါတယ်။ စတင်ချစ်ကြိုက်ခါစမှာ လက်မခံနိုင်စရာလေးတွေ ရှိပေမယ့်လည်း ချစ်တဲ့စိတ်ကြောင့် ခွင့်လွှတ်လက်ခံနိုင်ကြပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုကြာပြီးတဲ့နောက် အတည်တကျဖြစ်လာတဲ့အချိန်မှာ အချစ်တွေထက် လက်မခံနိုင်စရာ ပြဿနာတွေများလာတာလည်း ရှိတတ်ပါတယ်။ တစ်ချို့သော စုံတွဲတွေဟာ ဒီပြဿနာတွေကြားမှာ ဘယ်တော့မှပြန်အဆင်မပြေနိုင်ကြတော့ပဲ ရှေ့ဆက်ဖို့ ခက်ခဲလာတတ်ကြပါတယ်။ အဆင်မပြေလျက်နဲ့ ရှေ့ဆက်နေမယ်ဆိုရင် နှစ်ယောက်စလုံးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တက်လမ်းတွေကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် Relationship တစ်ခုကို ဘယ်အချိန်မှာ လက်လျှော့လိုက်သင့်ပြီလဲဆိုတာကို သိနိုင်ဖို့လိုပါတယ်။



(၁)နှစ်ဦးသားပျော်ရွှင်ကြည်နူးစရာ အချိန်တွေမရှိတော့ရင်

ချစ်သူနှစ်ဦးကြားမှာ ပျော်ရွှင်မှု၊ ကျေနပ်မှုတွေ မရှိတော့ပဲ အခြားနေရာမှာပဲ ပျော်နေတာမျိုး ဖြစ်ပါတယ်။ စိတ်ဝင်စားမှုမတူညီတဲ့ စုံတွဲတွေမှာ တစ်ဦးချင်းစီလွတ်လပ်စွာ ပျော်ရွှင်တာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက အမြဲတမ်းလိုလို သီးခြားပျော်ရွှင်မှုကိုပဲ လိုချင်နေမယ်ဆိုရင် အဆင်မပြေနိုင်တော့ပါဘူး။ နှစ်ဦးသား အတူတူပျော်ရွှင်ကြည်နူးရချိန်တွေ နည်းပါးလာတာ၊ လုံးဝမရှိတော့တာတွေက ရေရှည်မှာ Relationship ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးတည်းပျော်ရွှင်မယ့်အချိန်နဲ့ ချစ်သူနဲ့အတူတူပျော်ရွှင်ရမယ့်အချိန်တွေကို မျှတအောင် ကြိုးစားပါ။ တကယ်လို့ သင့်အနေနဲ့ သင့်ချစ်သူနားမှာ နေချိန်တွေက စိတ်မသက်မသာဖြစ်နေရတယ်ဆိုရင် ဒီ Relationship ကို ရှေ့ဆက်ဖို့ စဉ်းစားသင့်ပါပြီ။



(၂) ယုံကြည်စိတ်ချမှု မရှိတော့ရင်

ယုံကြည်စိတ်ချမှု မရှိတော့တာဟာ ကုရာနတ္ထိဆေးမရှိပါဘူး။ ခွင့်လွှတ်တာ၊ မသိချင်ယောင်ဆောင်နေတာတွေပဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုပျက်စီးတဲ့ ဒဏ်ရာတွေကတော့ ဘယ်တော့မှ ပျောက်သွားမှာမဟုတ်ပါဘူး။ အမာရွတ်တစ်ခုအနေနဲ့ ရှိနေပြီး နာကျင်မှုရဲ့သက်သေဖြစ်နေမှာပါ။ သစ္စာဖောက်ခြင်းဟာ စိတ်ခံစားမှုရော အမြင်နဲ့ပါ သက်ဆိုင်ပါတယ်။ သင့်ချစ်သူမဟုတ်တဲ့ တစ်ယောက်ယောက်ကို ကြည့်နေမြင်နေရတာ သာယာနေတတ်မယ်၊ စိတ်ခံစားမှုအရ တစ်ခုခုရှိနေမယ်ဆိုရင် သင့်ရဲ့ Relationship ကို ပြန်သုံးသပ်ဖို့ လိုနေပါပြီ။



(၃) အများသူငှာရှေ့မှာ အဆင်မပြေဖြစ်နေရင်

ချစ်သူနှစ်ဦးထဲက တစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက လူအများရှေ့မှာ၊ ပွဲလမ်းသဘင်တွေမှာ သိသိသာသာနေရထိုင်ရခက်နေရင် တစ်ခုခုတော့မှားယွင်းနေပါပြီ။ ဒါက ဆက်ဆံရေးကို အဆုံးသတ်လိုက်ဖို့ မဟုတ်ပါဘူး။ အကျေအလည်ဆွေးနွေးသင့်တဲ့ ပြဿနာရှိနေတဲ့ သဘောဖြစ်ပါတယ်။ တစ်ယောက်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုမိတ်ဆွေတွေကို တွေ့ဖို့ တစ်ယောက်က တမင်ငြင်းဆိုနေတယ်ဆိုရင် ပြဿနာက ပိုကြီးနိုင်ပါတယ်။ ဒီအချိန်က နှစ်ယောက်သား သေချာဆွေးနွေးဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။



(၄) အနိုင်ကျင့်စော်ကားမှုတွေ ရှိလာခဲ့ရင်

နှစ်ဦးသား အပြန်အလှန် စကားလုံးနဲ့ပဲဖြစ်ဖြစ်၊ အပြုအမူနဲ့ပဲဖြစ်ဖြစ် ထိခိုက်နာကျင်အောင် လုပ်တာမျိုးရှိလာရင်တော့ သင်တို့ရဲ့ Relationship ဟာ ပျက်စီးနေပြီလို့ ဆိုနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်စေချင်တဲ့ စိတ်နဲ့ လုပ်နေပြီဆိုရင် ဝေးရာကို ထွက်သွားဖို့ပဲ ရှိပါတော့တယ်။ အပြန်အလှန်ချစ်မြတ်နိုးပြီး ခိုင်မာတဲ့ Relationship တွေမှာ ထိခိုက်နာကျင်အောင် မလုပ်ကြပါဘူး။



(၅) မတူညီတဲ့ လမ်းတွေကို လျှောက်နေပြီဆိုရင်

မတူညီတဲ့ စိတ်ဆန္ဒ၊ လိုအပ်ချက်၊ မျှော်လင့်ချက်တွေနဲ့ ခံယူချက်တွေက နှစ်ဦးသား ဆက်ဆံရေးကို အဆုံးသတ်သွားစေနိုင်ပါတယ်။ ရင့်ကျက်တဲ့ စုံတွဲတွေက မတူညီမှုတွေကို ဘယ်လိုအခြေချလို့ရမလဲ စဉ်းစားပြီး ရှေ့ဆက်ကြပါတယ်။ တစ်ချို့ကတော့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ကို ရွေးချယ်ကြပါတယ်။ ချစ်သူစုံတွဲတွေ လမ်းခွဲရတာက ဆိုးရွားတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင်ရဲ့ကိုယ်ပိုင်တန်ဖိုးတွေ၊ သီးခြားပျော်ရွှင်မှုတွေ၊ ရည်မှန်းချက်တွေကို လက်လွှတ်ဆုံးရှုံးခံလိုက်ရမယ်ဆိုရင်တေ့ာ ပြန်စဉ်းစားဖို့ အချိန်ပဲ ဖြစ်ပါတယ်။


သင့်ကို အားပေးမြှင့်တင်ပေးပြီး ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်မယ့်သူနဲ့ ဘဝကို အတူဖြတ်သန်းမလား၊ သင့်ကို စိတ်ဓာတ်ကျစေပြီး ဆန္ဒရှိတာတွေကို လုပ်ဆောင်ပျော်ရွှင်ဖို့ ပိတ်ပင်တားဆီးတတ်သူနဲ့ အတူဖြတ်သန်းမလားဆိုတာက သင့်ရဲ့ ရွေးချယ်မှုပါပဲ။

Ref: When do you end a relationship?

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Relationship Effect
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore