ချစ်သူရဲ့ ပိုအချစ်ခံရဖို့ နည်းလမ်းကောင်းများ

2024-05-15 22:23:32 · လမ်းမများထက်ကဂျပန်နှင့်ကိုရီးယားတပတ်ရစ်များ

ချစ်သူရည်းစားကိစ္စတွေက ပရိယာယ်ဆန်ပါတယ်။ တစ်ခါတလေမှာ မိန်းကလေးတွေက သူတို့ကိုယ်တိုင်ဖွင့်မပြောပဲနဲ့ သူတို့ရဲ့ခံစားချက်တွေကို သိနေတာမျိုး လိုချင်မျှော်လင့်တတ်ကြပါတယ်။ သူတို့ မပြောဘဲ သူတို့ ခံစားချက်တွေကို သိနေမှသာ သူတို့ကို ပိုချစ်တယ်လို့လဲ ခံစားရတယ်လို့ ထင်တတ်ကြပါတယ်။  ဒါကြောင့် ပိုအချစ်ခံရဖို့အတွက် ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာကို ပြောပြပေးချင်ပါတယ်။



(၁) သူမအကြိုက်လေးတွေကို မှတ်သားထားပါ

မှတ်စုစာအုပ်အသေးလေးတစ်အုပ်ဆောင်ထားပါ။ သူမ မမြင်ပါစေနဲ့။ အခွင့်အရေးရတိုင်းမှာ သူမ ကြိုက်တတ်တာတွေ၊ ဝယ်ချင်တာတွေ၊ သွားလည်ချင်တယ်လို့ ပြောလာတဲ့နေရာတွေနဲ့ သူမလုပ်ချင်တာတွေ အားလုံးကို ရေးမှတ်ထားပါ။ အထူးအထိမ်းအမှတ်နေ့တွေရောက်တဲ့အခါ ဒါမှမဟုတ် တတ်နိုင်တဲ့အခါမျိုးမှာ သူမ လိုချင်တာကို ဝယ်ပေးတာ၊ သွားလည်ချင်တဲ့နေရာကို ခေါ်သွားတာ စသဖြင့် လုပ်ပေးလိုက်ပါ။ အဓိကအချက်က သူမပြောပြီးပြီးချင်း လုပ်ပေးတာမျိုးမဟုတ်ပဲ ရုတ်တရက် မစဉ်းစားနိုင်လောက်အောင် အချိန်တစ်ခုကြာပြီးမှ လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သူမကို ဂရုစိုက်တယ်ဆိုတာ သိသွားမှာဖြစ်ပြီး အရေးကြီးတာက သူမပြောသမျှကို အလေးအနက်ထားတတ်သူအဖြစ် ပိုချစ်လာမှာဖြစ်ပါတယ်။



(၂) သူမရဲ့ အလှအပကို အသိအမှတ်ပြုပေးပါ

ချစ်သူကောင်မလေး ဆံပင်ညှပ်လေ့၊ ပြင်လေ့ရှိတဲ့ ဆိုင်နဲ့ ရင်းနှီးအောင်လုပ်ပါ။ သူမ ဆံပင်လာညှပ်တိုင်း ဒါမှမဟုတ် ဆံပင်လာပြင်တိုင်းမှာ သင့်ဆီကို ဖုန်းဆက်အကြောင်းကြားပေးဖို့ တောင်းဆိုပါ။ သင့်ချစ်သူ ဆံပင်ညှပ်ထားတာကို ကြိုသိထားပြီး တွေ့ဖြစ်ကြမယ်ဆိုရင် “ဆံပင် လုပ်ထားတာလား၊ နည်းနည်းတိုသွားပေမယ့် အရမ်းလှတယ်” စသဖြင့် ပြောပေးပါ။ အပြုံးပန်းတွေ ပွင့်လန်းသွားမှာ သေချာပါတယ်။



(၃) လက်လေးကိုင်ထားပေးပါ

ချစ်သူချင်း တည့်တဲ့အချိန်ဖြစ်စေ၊ ရန်ဖြစ်စကားများကြတဲ့အချိန်မှာ လက်ကလေးကို ကိုင်ပြီး လမ်းလျှောက်ပါ။ စိတ်ဆိုးနေချိန်မှာ လက်ကိုင်ထားဖို့ ဒါမှမဟုတ် ဦးတည်ဖက်တစ်ခုထဲကို အတူတူလမ်းလျှောက်သွားဖို့က အရမ်းကိုခက်ခဲပါတယ်။ ဒီအချက်က ရိုမန်းတစ်ဆန်ရုံတင်မဟုတ်ပါဘူး။ ချစ်သူတိုင်းအတွက် အရေးကြီးပါတယ်။ အတူတူလမ်းလျှောက်ရင်း ပြောတဲ့စကားတွေက မျက်နှာချင်းဆိုင်ပြောတဲ့စကားတွေနဲ့ လုံးဝကွဲပြားခြားနားနေမှာ ဖြစ်ပါတယ်။ ကြိုးစားကြည့်ပါ။



(၄) တစ်ယောက်က တင်းရင် တစ်ယောက်က လျှော့လိုက်ပါ

ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်စီရဲ့ ကောင်းကွက်တွေရော ဆိုးကွက်တွေကိုပါ တွေ့လာမှာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ သင့်ချစ်သူကို မုန်းရင်တောင် မုန်းနေနိုင်ပါတယ်။ ဒါပေမယ့် ရန်ဖြစ်စကားများကြတဲ့အခါတိုင်းမှာ ပျော်စရာကောင်းတဲ့အမှတ်တရတွေ၊ သင့်ချစ်သူရဲ့ ကောင်းကွက်လေးတွေကိုပဲ စိတ်ထဲမှာ တွေးထားပါ။ ပြီးတော့ သင့်ချစ်သူရဲ့ မကောင်းတဲ့အချက်တွေ၊ အပြစ်တွေကို တွေးမိတဲ့အချိန်တိုင်းမှာ ကျေနပ်ပျော်ရွှင်စရာကိစ္စတွေကိုပဲ တွေးပြီး ကျန်တာတွေကို စိတ်ထဲကထုတ်ထားလိုက်ပါ။ ဒီလိုဆိုရင် သင်တို့နှစ်ယောက်စလုံးအတွက် ကျေနပ်ပျော်ရွှင်စရာ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။



(၅) သူမရဲ့ ဖုန်းကို တတ်နိုင်သမျှ ကိုင်ပါ

သူမ ဖုန်းဆက်ရင် အမြဲတမ်းကိုင်ပါ။ အမြဲတမ်းပါ။ သူမဟာ သင့်အတွက်အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဘယ်ကိစ္စကမှ သူမထက်အရေးမကြီးဘူးဆိုတာကို သိသွားဖို့ လိုပါတယ်။


တကယ်လို့သာ သင်တို့ရဲ့ အချစ်ရေးမှာ အခုပြောပြတဲ့အရာတွေကို ဂရုတစိုက်လုပ်ပေးမယ်ဆိုရင် သူမရဲ့ အချစ်တွေပိုတိုးလာစေနိုင်ပါတယ်။

Ref: Good ways to be more loved by your lover

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    လမ်းမများထက်ကဂျပန်နှင့်ကိုရီးယားတပတ်ရစ်များ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore