ပန်းကလေးတွေရဲ့ချစ်မေတ္တာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ

2024-05-15 15:30:00 · Relationship Effect

ကမ္ဘာပေါ်ကသက်ရှိသတ္တဝါတွေနဲ့လူသားတွေအတွက်တော့ ပန်းကလေးတွေရဲ့သက်ရောက်မှုနဲ့အသုံးဝင်မှုတွေက ပုံစံမျိုးစုံပါပဲ။ ရနံ့ ၊ အဆင်းသဏ္ဍာန် လှပမှုတွေဟာ ပန်းလေးတွေရဲ့ညှိငင်စွဲဆောင်မှု အမျိုးမျိုးပေါ့။ ဒီလိုလှပပြီး မွှေးပျံ့တဲ့ ပန်းကလေးတွေမှာလည်း ချစ်မေတ္တာရေးရာနဲ့ပတ်သက်ပြီးအဓိပ္ပာယ်ဖွင့်ဆိုချက်တွေရှိနေပြန်ပါသတဲ့။ အချို့သောပန်းတစ်မျိုးစီတိုင်းဘယ်လို ချစ်မေတ္တာ အဓိပ္ပာယ်တွေရှိကြလဲဆိုတာကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်နော်။

(၁)နေကြာပန်း


အဝါရောင်အသွေးနဲ့အပွင့်လှလှ တစ်ပင်မှာ တစ်ပွင့်ထဲအများအားဖြင့်ပွင့်တတ်ကြတဲ့နေကြာပန်းလေးကတော့ သူ့ရဲ့အဓိပ္ပာယ်က မပြောင်းလဲတဲ့သစ္စာ ၊ မပြောင်းလဲတဲ့မျှော်လင့်ခြင်းပါတဲ့။

(၂) ချယ်ရီပန်း


ပန်းဖျော့ရောင်အသွေးနဲ့ အေးချမ်းလှတဲ့အငွေ့အသက်တွေရနေတဲ့ ချယ်ရီပန်းလေးကလည်း ကြွေကျလာတဲ့ ချယ်ရီပွင့်ဖတ်လေးတွေကိုဖမ်းမိမယ်ဆိုရင် အချစ်ဦးနဲ့ဖူးစာဆုံလိမ့်ပါမယ်တဲ့။

(၃) ခရေပန်း


တစ်ပင်လုံး ပန်းပွင့်ငယ်သေးသေးလေးတွေနဲ့ဖုံးလွှမ်းကာ အပင်ခြေရင်းကိုသက်ဆင်းကြွေကျတတ်တဲ့ အလွန်ရနံ့သင်းမွှေးပျံ့လှတဲ့ ခရေပန်းလေးရဲ့အဓိပ္ပာယ် မှာလည်း "ဝေလည်းမွှေး ကြွေလည်းမွှေးတဲ့ဒီပန်းလေးက ဘဝတစ်ခုလုံးစာပါတဲ့" ။

(၄) ပိတောက်ပန်း

သင်္ကြန်ကာလရဲ့ ပန်းလို့တင်စားခံထားရတဲ့ ပန်းပွင့်ချိန်တစ်ပင်လုံးရွှေဝါရောင်သန်းကာ ရနံ့မွှေးလှတဲ့ ပိတောက်ပန်းကလေးရဲ့ အဓိပ္ပာယ်ကတော့ သစ္စာရှိရှိ ချစ်ပါမယ်တဲ့။

(၅) တရုတ်စကားပန်း

ပွင့်လွှာအဖြူချပ်၅ချပ်နဲ့ အဆုပ်လိုက်ပွင့်တတ်လေတဲ့ သိပ်လှတဲ့ တရုတ်စကားပန်းလေး ရဲ့ အဓိပ္ပာယ်က လည်း "မင်းအပေါ်မှာထားရှိတဲ့ငါ့ရဲ့ချစ်ခြင်မေတ္တာပါတဲ့။

(၆) ခရာတံပိုးနွယ်ပန်း

ခြံအုတ်တံတိုင်းတွေမှာ ကပ်ပြီးပေါက်ရောက်တတ်ကာ လိမ္မော်ရောင်အသွေးရှိတဲ့ လှပတဲ့ ခရာတံပိုးနွယ်ပန်းကလေးရဲ့အဓိပ္ပာယ်ကတော့ " ကျွန်မရှင့်ကိုချစ်တယ် ။ ကျွန်မရှင့်ကို သေတဲ့အထိစောင့်နေမယ်တဲ့" ဒီပန်းကလေးရဲ့ဒဏာရီဆန်ဆန်ပုံပြင်လေးက ချစ်သူ၂ဦးကွေကွင်းရပြီး သေဆုံးချိန်မှာ မိန်းကလေးဘက်က အချစ်ကိုသက်သေပြတဲ့ ပုံပြင်လေးတွေလည်းရှိခဲ့ပါတယ်။

Ms

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Relationship Effect
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore