အိမ်ထောင်ပြုပြီးရင် သင်သတိထားရမယ့် ပြဿနာ (၇) ခု

2024-04-07 18:30:00 · Relationship Effect

အိမ်ထောင်ပြုပြီးမှ ပေါ်ပေါက်လာတတ်တဲ့ ပြဿနာလေးတွေရှိပါတယ်။ ဒီအချက်လေးတွေကို မယူခင်ကတည်းက ကြိုစဉ်းစားထားတာကြောင့် ဖြစ်ပေါ်လာတဲ့အခါ သင့်ဘက်က လက်တွေ့ကျကျ စဉ်းစားဖြေရှင်းနိုင်မှာပါ။

(၁ )အလေ့အကျင့်လေးတွေ

အချိန်ကြာကြာတွဲပြီးမှ လက်ထပ်သူတွေဆိုပေမယ့် သေးသေးမွှားမွှားအလေ့အကျင့်လေးတွေကို သတိမပြုဘဲ နေမိတတ်ပါတယ်။ ဥပမာ - အိမ်သာတက်ပြီး လက်မဆေးတာ၊ ညဘက် မီးဖွင့်အိပ်တာမျိုးတွေပါ။ ပြသနာကြီးတစ်ခုဖြစ်လာရင် သင့်အတွေးထဲမှာ ဒီအသေးအဖွဲ ပြသနာလေးတွေက လောင်စာထည့်ပေးသလိုပါပဲ။ ပြသနာကို အကြီးကြီးဖြစ်အောင် စဉ်းစားမိစေပါတယ်။

(၂) ငွေကြေး

ဒါကတော့ မပြောလည်း သင်သိနေပြီးသားပါ။ နှစ်ဦးသားဘဝမှာ ငွေကြေးက အရေးကြီးပါတယ်။ ငွေကြေးကြောင့်ဖြစ်တဲ့ ပြသနာအစိုင်အခဲလေးတွေဟာ ကြီးထွားလာပြီး ကွာရှင်းပြတ်စဲတဲ့ထိ ဖြစ်နိုင်ပါတယ်။ ငွေကြေးဟာ သင်တို့လက်မထပ်ခင်ကတည်းက ကြိုတင်စဉ်းစားရမယ့် အရေးကြီးဆုံးအချက်ပါ။

(၃) ကလေး

အိမ်ထောင်ပြုပြီဆိုတော့ ကလေးကိစ္စကိုပါ ထည့်တွက်ရမှာပါ။ ကလေးအတွက် အစစအရာရာ ပြင်ဆင်မှုဟာ သင်တို့နှစ်ဦးကြား သဘောထားကွဲလွဲစရာဖြစ်လာပါတယ်။ နှစ်ယောက်စလုံးဟာ ခိုင်မာတဲ့အယူအဆတွေနဲ့ ဘဝကိုနေထိုင်နေသူတွေဆို ပိုဆိုးပါတယ်။ ကလေးနဲ့ပတ်သက်လို့ အယူအဆတွေ အမြဲကွဲလွဲနေနိုင်ပါတယ်။

(၄)အိမ်ထောင်မှု တာဝန်

ဒီနေ့ခေတ်မှာ ယောကျာ်းက ပိုက်ဆံရှာ၊မိန်းမက အိမ်ထောင် ထိန်းသိမ်းဆိုတာက မလွယ်တော့ပါဘူး။ တစ်ယောက်တည်း ဝင်ငွေဟာ တစ်မိသားစုလုံးကို ထောက်ပံ့ဖို့ မလုံလောက်တာကြောင့်ပါ။ ငွေကြေးကစလို့ အိမ်ထောင်မှု တာဝန်တွေကို ခွဲဝေထမ်းဆောင်မှုဟာ မျှတဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပြသနာတွေ ရှိလာနိုင်ပါတယ်။

(၅) လိင်

ဒါဟာ ငြင်းဆိုလို့မရပါဘူး၊ မတွေးလို့မရပါဘူး။ သတ္တဝါပဲ ဖြစ်တဲ့ လူသားရဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ လိင်ကိစ္စဟာလည်း အိမ်ထောင်ရေးသာယာမှုအပေါ် သက်ရောက်မှုတွေ ရှိပါတယ်။

(၆)သူငယ်ချင်း

အိမ်ထောင်ပြုလိုက်လို့ သူငယ်ချင်းတွေနဲ့ ဝေးသွားပြီလို့တော့ မထင်လိုက်ပါနဲ့။ အရင်ကထက်တောင် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပြီး အိမ်ပြန်မလာတာတွေ ရှိတတ်ပါတယ်။ သူငယ်ချင်းတွေကို ဘယ်လိုအချိန်ပေးမယ်ဆိုတာကလည်း အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ နှစ်ဖက်သူငယ်ချင်းအသိုင်းအဝိုင်းမှာ နှစ်ဦးစလုံးဟာ ဝင်ဆံ့သူတွေ ဖြစ်သင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ လင်မယားနှစ်ယောက် တပူးတွဲတွဲပေါ့လေ။

(၇ )မိသားစု

သူ့အသိုင်းအဝိုင်း၊ ကိုယ့်အသိုင်းအဝိုင်းဆိုတာ ရှိပါတယ်။ အိမ်ထောင်သက်ကြာလာတဲ့အခါ ဖြစ်ပွားတတ်တဲ့ ပြသနာတွေထဲမှာ နှစ်ဘက်ဆွေမျိုး ကိစ္စပါပါတယ်။  မိဘအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားတွေကို မယူခင်ကတည်းက တီးခေါက်ကြည့်ထားသင့်ပါတယ်။

Ms


No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Relationship Effect
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore