စိတ်ဖိစီးမှု များလာတဲ့အခါ ဒါတွေစားပါ

2024-04-30 09:00:00 · Daily Lifestyle

ဆေးပညာရှင်များရဲ့ စစ်တမ်းကောက်ယူချက်အရ အရွယ်ရောက်ပြီးသူတိုင်း ၄၀ ရာခိုင်နှုန်းလောက်ဟာ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းအပြင် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ခြင်းကို ခံစားနေကြရတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် နည်းလမ်းများစွာ ရှိတဲ့အထဲကမှ အစားအသောက်နဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။ စိတ်ဖိစီးမှုကို ကျော်လွှားဖို့အတွက်ဆိုရင် အခုဖော်ပြပေးမယ့် အစား အသောက်တွေက တစ်ဖက်တစ်လှမ်းက ကူညီကုသပေးနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများ နေချိန်၊ စိတ်ဓာတ်ကျနေချိန်၊ Mood Swing ဖြစ်နေတဲ့အချိန်မျိုးမှာ ဘယ်လိုအစား အသောက်တွေကို ရွေးချယ်စားသုံးရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပျားရည်

အချိုဓာတ်ကလည်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းအတွက် ကုသပေးနိုင်တဲ့ အရာတစ်ခုပါပဲ။ သကြားလုံး၊ သကြားဓာတ်တွေ လွန်ကဲတဲ့ အချိုတွေကို စားသုံးမယ့်အစား ပျားရည်ကို စားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့လည်း ကိုက်ညီပါတယ်။

(၂) Green Tea

အားဖြည့်အချိုရည်တွေကို သောက်သုံးမယ့်အစား Green tea ကိုသာ ရွေးချယ်သောက်သုံးလိုက်ပါ။ Green tea က စိတ်ကိုကြည်လင် လန်းဆန်းစေသလို၊ စိတ်ဖိစီးမှုကိုလည်း ဖြေလျော့ပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။

(၃) ပေါက်ပေါက်

ပြောင်းဖူး ပေါက်ပေါက်မှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိုက်ဓာတ်က serotonin levels ကိုထိန်းညှိပေးနိုင်တဲ့ အတွက် စိတ်ဖိစီးမှုကို ပြေလျော့စေမှာ အမှန်ပါပဲ။ နောက်ပြီး သွားရေစာကို ရွေးချယ်စားသုံးတဲ့အခါ ဆီကြော်အာလူးကြော်တွေကို စားသုံးမယ့်အစား ပြောင်းဖူးပေါက်ပေါက်ကို စားမယ်ဆိုရင် ကျန်းမာရေး အတွက်လည်း ဆိုးကျိုးမဖြစ်စေတော့ပါဘူး။

(၄) ချောကလက်

ချောကလက်ကလည်း Mood Swing ဖြစ်ခြင်းအတွက် သက်သာစေတဲ့ အကောင်းဆုံးသော အရာ တစ်ခုပါပဲ။ မိန်းကလေးအများစုက ဓမ္မတာလာစဉ်ခံစားရတတ်တဲ့ ဝေဒနာနဲ့ စိတ်မကြည်မလင် ဖြစ်ခြင်းကို ကုသဖို့အတွက် ချောကလက်ကို စားသုံးကြပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ anandamide က စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တဲ့ အကျိုးအာနိသင်ပါပဲ။

(၅) ငှက်ပျောသီး

ဗီတာမင်ဘီစစ်က စိတ်ဖိစီးမှုနဲ့ စိတ်မကြည်မလင်ဖြစ်ခြင်းကို ဖြေလျော့ပေးနိုင်တဲ့ ဖြည့်စွက်စာ တစ်မျိုးပါပဲ။ ငှက်ပျောသီးမှာပါဝင်တဲ့ အာဟာရဓာတ်ကလည်း သင့်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးကို မနက်စာအဖြစ် စားသုံးပေးမယ်ဆိုရင် အားအင်ပြည့်ဝစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore