မနက်အိပ်ရာနိုးနိုးချင်းမပြုလုပ်သင့်တဲ့ အမူအကျင့်ဆိုးများ

2024-04-29 09:00:00 · Daily Lifestyle

ငယ်စဉ်ကတည်းကပြုလုပ်လာခဲ့တဲ့ အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ တချို့ အမူအကျင့်ဆိုးတွေဟာဆိုရင် ကိုယ့်အတွက် မကောင်းဘူးဆိုတာကို သိပေမယ့် ပြင်မရတာတွေလည်း ရှိနေပါတယ်။ နောက်ပြီး အချိန်ကြာရှည်စွာ စွဲစွဲမြဲမြဲ ပြုလုပ်လာခဲ့တဲ့ အမူအကျင့်တွေဟာဆိုရင် သင့်အတွက် မကောင်းဘူးဆိုတာကို အချိန်မှီသိရှိတာနဲ့ ပြင်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် မနက်ခင်း အိပ်ရာနိုးတာနဲ့ လူအများစု ပြုလုပ်နေမိတဲ့ အမှားလေးတွေကို ဆင်ခြင် ပြုပြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


မနက်အိပ်ရာထတာနဲ့ ရေချိုးဖို့ကို ပျင်းကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ နောက်ပြီး မနက်ခင်းရေချိုးတာနဲ့ ညနေပိုင်းရေချိုးတာက ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲဆိုတာကို သိထားဖို့လည်း လိုပါတယ်။ မနက်ခင်းအိပ်ရာနိုးတာနဲ့ မျက်နှာသစ်တဲ့သူတွေထက် ရေထချိုးလိုက်တဲ့သူတွေဟာ ဦးနှောက်ဉာဏ်ပိုပွင့်ပြီး တက်ကြွလန်းဆန်းတဲ့ ခံစားမှုကို ပိုခံစားရနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ ရေချိုးလိုက်တဲ့အခါ ဦးနှောက်ရဲ့ လှုံ့ဆော်မှုက သင့်ကို နိုးကြားလာစေပြီး တစ်နေ့တာကိုလည်း လန်းဆန်းတက်ကြွစွာနဲ့ ဖြတ်သန်းနိုင်မှာပါ။

နောက်တစ်ချက်အနေနဲ့ မနက်ပိုင်းရေချိုးတဲ့အခါမှာရေနွေးနဲ့ ချိုးတာထက်စာရင် ရေအေးနဲ့ ချိုးတာက အကျိုးကျေးဇူးများစွာ ရှိပါတယ်။ စိတ်ကိုကြည်လင်လန်းဆန်းစေပြီးကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရေအေးနဲ့ ရေချိုးတာက သင့်ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီပိုများကို လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။


မနက်အိပ်ရာနိုးနိုးချင်းဖုန်းဘယ်မှာလဲဆိုပြီးရှာကြတဲ့သူတွေက ခပ်များများပါပဲ။ ဖုန်းဖွင့်ပြီး အီးမေးလ်စစ်တာတို့၊ လူမှုကွန်ယက် ဖေ့စ်ဘုတ်ကြည့်တာတို့ ပြုလုပ်တတ်ကြပါတယ်။ ဒါက သင့်ရဲ့ စိတ်ရော၊ ကိုယ်ရော ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်ဆိုးပါပဲ။ မနက်နိုးနိုးချင်း ခေါင်းကို ကြည်ကြည်ထားရမယ့်အစား စိတ်ရှုပ်စရာ အီးမေးလ်တွေ၊ ဖေ့စ်ဘုတ်ပေါ်က သတင်းတွေကို ကြည့်လိုက်ရတဲ့အတွက် စိတ်မချမ်းမြေ့စရာဖြစ်ရပြီးမျက်စိကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် မနက်အိပ်ရာနိုးတာနဲ့ ဖုန်းကို အချိန်ကြာမြင့်စွာ သုံးတတ်တဲ့အကျင့်ကိုရှောင်ကြဉ်သင့်ပြီးတော့မနက်ခင်းနေရောင်ခြည်နုနုလေးကိုသာခံစားထိတွေ့လိုက်ပါ။

မနက်ကျောင်းသွား၊ ရုံးတက်ဖို့အတွက် အဝတ်အစားတွေကို ရွေးချယ်တဲ့အခါမှာ အချိန်အကြာကြီး ယူတတ်တဲ့သူတွေရှိလား။ ဒါကလည်း အကျင့်ဆိုးတစ်ခုပါပဲနော်။ အချိန်နောက်ကျစေပြီးတော့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကုန်ဆုံးသွားစေနိုင်ပါတယ်။ဒီလိုမဖြစ်ရလေအောင် ကိုယ်ဝတ်နေကျ အဝတ်အစားတွေကို ယူရလွယ်တဲ့ နေရာမှာ ချိတ်ထားတာမျိုး၊ ဘီရိုရဲ့ အပေါ်ဆုံးအဆင့်မှာ တင်ထားတာမျိုး အလွယ်တကူရှာယူလို့ ရအောင် စီမံထားနိုင်ပါတယ်။


မနက်အိပ်ရာနိုးတာနဲ့ အာဟာရပြည့်ဝတဲ့ မနက်စာကို စားဖို့လည်း မမေ့ပါနဲ့။ အချိန်မရှိလို့၊ အိပ်ရာထနောက်ကျလို့ ဆိုပြီး မနက်စာကို Skip မလုပ်လိုက်သင့်ပါဘူး။ မနက်စာက သင့်ရဲ့ တစ်နေ့တာကို ခွန်အားပြည့်စွာ ဖြတ်သန်းနိုင်ဖို့ အတွက် စွမ်းအားတစ်ရပ်ပါပဲ။ မနက်စာကိုလည်း ဖြစ်သလို မစားသင့်ပါဘူး။ ကာဗိုဟိုက်ဒရိုက်၊ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာများကို သေချာရွေးချယ်စားသုံးသင့်ပါတယ်။



No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore