အတွေးလွန်တတ်တဲ့စိတ်ကို ဘယ်လိုဖြေသိမ့်မလဲ

2024-04-27 09:00:00 · Daily Lifestyle

အရမ်းတွေးလွန်းတဲ့ လူတစ်ယောက်ဟာ သာမာန်လူတွေထက် စိတ်ဖိစီးမှုများတယ်ဆိုတာ သင်သိပါသလား။ တစ်ခါတစ်ရံမှာ အကြောင်းအရာတစ်ခုကို မကြာခဏ တွေးတောပြီး တွေဝေနေတာမျိုး ဖြစ်ဖူးကြမှာပါ။ ကိုယ့်အတွက် မကောင်းမှန်းသိလျက်နဲ့ တွေးတောတွေဝေနေတာမျိုးက အကျင့်တစ်ခု လို ဖြစ်နေတယ်ဆိုရင်တော့ ဒါကိုအမြန်ဆုံးဖျောက်ပစ်လိုက်ဖို့ လိုပါပြီ။ ဒီအတွေးစတွေက သင့်ကို စိတ်ဒုက္ခပေးပြီး ကျန်းမာရေးကိုတောင် ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအတွေးလွန်ပြီး တွေဝေ နေတတ်တဲ့ အကျင့်ကို ဘယ်လိုနည်းလမ်းနဲ့ ဖြေသိမ့်မလဲဆိုတာနဲ့ ပတ်သတ်ပြီး အကြံပေးချင်ပါတယ်။

(၁) လက်ရှိပစ္စုပ္ပန်ကိုပဲ ကြည့်ပါ

အတိတ်မှာဖြစ်ခဲ့တဲ့ ပြီးပြီးသား ကိစ္စရပ်တွေ၊ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကို ကြိုတင် တွေးတော နေတာမျိုးက အတွေးလွန်တဲ့သူ ဖြစ်သွားစေပါတယ်။ ဒါ့ကြောင့် အတိတ်၊ အနာဂတ် အတွက် တွေဝေနေတာ ရပ်တန့်ပြီး လက်ရှိ ပစ္စုပ္ပန်ကိုပဲ ကြည့်မယ်ဆိုရင် အတွေးလွန်တဲ့ ရောဂါ မဖြစ်တော့ပါဘူး။

(၂) ထပ်ခါတလဲလဲမပြောပါနဲ့

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေနဲ့ စကားပြောတဲ့အခါမှာ သင်မကြာခဏ တွေးတောမိ နေတဲ့ အရာကိုပဲ ထပ်ခါတလဲလဲ ပြောနေတာမျိုး ရှောင်ကြဉ်ပါ။ ဒီအတွေးကို ခေါင်းထဲထုတ်ဖို့အတွက် မေ့မေ့လျော့လျော့နေ သင့်ပါတယ်။ ဒါ့ကြောင့် မကြာခဏ တွေးတောနေမိတဲ့ အကြောင်းအရာကို ဘယ်တော့မှ ထုတ်မပြောပါနဲ့။

(၃) အကောင်းမြင်ပါ

အတွေးလွန်တာက အရာရာကို အဆိုးမြင်ပြီး အပြစ်တွေပဲ မြင်နေတတ်ပါတယ်။ ဒီစိတ်က သင့်ကို အဆိုးမြင်သမားဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းမြင်တတ်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ အကောင်းမြင်တတ်တဲ့ သူတွေအများစုက အကြောင်းအရာတစ်ခုကို အချိန်အကြာကြီး တွေးတောတွေဝေနေတာမျိုး မပြုလုပ်တတ်ကြပါဘူး။

(၄) မိမိကိုယ်ကိုသတိပေးပါ

ဘာလို့ ဒီအကြောင်းအရာကို ထပ်တလဲလဲ တွေးမိနေတာလဲ ဆိုတာကို မိမိကိုယ်ကိုဆင်ခြင်ပြီး သတိလေးထားကြည့်ပါ။ ငါဒီအကြောင်း လုံးဝထပ်မတွေးတော့ဘူး လို့ ကိုယ်တိုင်သတိပေးပြီး တွေးမိခဲ့ရင်လည်း ပြန်ပြီး အသိစိတ်ထိန်းတာမျိုး ပြုလုပ်ပေးသွားပါ။ သီချင်းနားထောင်ပြီး အတွေးလွဲလိုက်တာမျိုးပေါ့။

(၅) အချိန်သတ်မှတ်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါ

တကယ်လို့ သင်က လုပ်စရာအလုပ်တစ်ခု၊ ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ အတွေး လွန်နေတာ ဆိုရင်တော့ အချိန်တစ်ခုသတ်မှတ်လိုက်ပြီး ဘယ်အချိန်မှာ တိကျသေချာတဲ့ ဆုံးဖြတ်ချက်ချမယ်၊ ဘယ်အချိန်မှာ စလုပ်မယ် စသဖြင့် တိကျတဲ့ deadline လေး သတ်မှတ်ပြီး လုပ်သွားမယ်ဆိုရင်တော့ တွေဝေနေတော့မှာ မဟုတ်ပါဘူး။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore