ထက်မြက်တဲ့သူတွေ လူတွေနဲ့လိုက်လျောညီထွေမဖြစ်ရတဲ့အကြောင်းအရင်း

2024-04-25 09:00:00 · Daily Lifestyle

ထက်မြက်တဲ့သူ၊ ဉာဏ်ကောင်းတဲ့လူတွေက သူတို့ကိုယ်သူတို့ စမတ်ဖြစ်တယ်၊ ပြောပလောက်တဲ့ အားနည်း ချက်မရှိဘူး ဆိုတဲ့အတွေးမျိုးဝင်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို တော်တဲ့သူတွေ၊ ပညာတတ်တဲ့သူတွေ မှာလည်း သူတို့ရဲ့ပညာဂုဏ်အလျောက်၊ ဉာဏ်ပညာအလျောက် လုပ်တတ်ကြတဲ့အကျင့်တွေအား နည်းချက်တွေရှိကြပြီး အဲဒီအချက်တွေကြောင့်ပဲ လူမှုပတ်ဝန်းကျင် မှာလိုက်လျောညီထွေ မဖြစ်ကြခြင်းဖြစ်ပါတယ်။

(၁)အကူအညီမတောင်းလိုခြင်း

အကူအညီတစ်ခုခုအတွက် တစ်ယောက်ယောက်ကို မေးမြန်းလိုက်တာက သင့်မှာတစ်ခုခုလိုအပ်ချက် ရှိနေတယ်ဆိုတာကိုအခြားလူကိုသိစေသလို သင်ကဘာမှမသိဘူးဆိုတဲ့အကြောင်း  လူတွေကိုပြော လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ထက်မြက်တဲ့သူတွေမှာ ရှိတတ်တဲ့အားနည်း ချက်တစ်ခု ကတော့ သူတို့တော်တယ်၊ တတ်တယ်ဆိုတဲ့ဂုဏ်ပုဒ်ကိုမပျက်စေချင်လို့ တစ်ယောက်ယောက်ကို မေးမြန်းရတာမျိုးတွေမှာဝန်လေးတတ်ကြပါတယ်။

(၂)အချိန်ကပ်မှလုပ်ခြင်း

တော်တယ်၊ ဉာဏ်ကောင်းတယ်ဆိုတဲ့သူတွေက ဘာပဲလုပ်လုပ်သူများ လောက်အချိန်သိပ်မပေးရဘူး၊ သင်ရင်လည်းတတ်လွယ်တယ်၊ တစ်ကြိမ်တစ်ခါလုပ်တာနဲ့မှတ်မိတယ်ဆိုတာသူတို့ကိုယ်သူ တို့သိနေ တဲ့အတွက် ဘာပဲလုပ်လုပ်အချိန်ကပ်မှလုပ်လေ့ရှိပါတယ်။ ဒါကြောင့် သူတို့ကိုကြည့်လိုက်ရင် အမြဲတမ်းအလောတကြီးနဲ့ဖြစ်နေပြီး အဲဒီအချက်ကပဲသူတို့ကိုအားနည်းချက်ဖြစ်စေပါတယ်။

(၃)ထိန်းချုပ်လိုကြခြင်း

တော်တယ်တတ်တယ်ဆိုတဲ့လူတွေက တစ်ခါတလေမှာအရာရာကိုလည်းထိန်းချုပ် ချင်တတ်ကြ ပါသေးတယ်။ ကိစ္စတိုင်းကိုသူတို့အတွေ့အကြုံရှိနေသလိုမျိုးနှိုင်းယှဉ်ပြောတတ်ကြသလို ဘယ်အရာမဆိုသူတို့သိပြီးဖြစ်တဲ့ပုံစံမျိုးနဲ့လည်း အမိန့်ပေးချင်တတ်ကြပါသေးတယ်။ အဲဒီအကျင့်ကြောင့် လူတွေနဲ့အဆင်မပြေစေတဲ့အားနည်းချက်ဖြစ်လာရပါတယ်။

(၄)သူများကိုတွန်းအားပေးခြင်း

အဲဒီလိုထူးချွန်ထက်မြက်ကြတဲ့သူတွေက သူတို့ကိုယ်တိုင်လည်းကြိုးစားသလိုသူများကိုလည်းကြိုးစား ဖို့တွန်းအားပေးတတ်ကြပါတယ်။ သူဆိုဘယ်လိုအလုပ်ကြိုးစားတာဘယ်လိုမျိုးလုပ်သင့်တယ် ဆိုတာမျိုးတွန်းအားပေးလေ့ရှိကြပါတယ်။ လူတစ်ယောက်ချင်းစီမှာ သူတို့လုပ်နိုင်တဲ့စွမ်း ရည်ကမတူကြတဲ့အတွက်အဲဒီလိုလူတိုင်းကိုတွန်းအားပေးတတ်တဲ့ထူးချွန်ထက်မြက်သူတွေကကိုယ်ချင်းမစာတတ်သူတွေအဖြစ်လူမုန်းလည်းခံရပါတယ်။

(၅)ဘယ်တော့မှမကျရှုံးဘူးလို့တွေးခြင်း

အလုပ်ကြိုးစားရဲ့သားနဲ့၊ ထက်ထက်မြက်မြက်ရှိရဲ့သားနဲ့ဘာကြောင့်မအောင်မြင်သလဲဆိုတဲ့ အချက် ကတော့ အဲဒီလိုလူတွေက သူတို့ဘယ်တော့မှကျရှုံးမှာမဟုတ်ဘူးလို့ယုံကြည်နေ ကြလို့ပဲဖြစ်ပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေတောင် ကျရှုံးမှုတွေကိုအကြိမ်ကြိမ်အခါခါဖြတ် သန်းခဲ့ရပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ထက်မြက်တယ်လို့ယူဆတဲ့သူတွေကတော့ သူတို့ကိုယ်သူတို့ဘယ်တော့မှမကျရှုံးဘူး လို့တွေးတတ်ကြတဲ့အတွက် လူတွေအမြင်မှာ ဘဝမြင့်တယ်လို့အထင်ရောက်စေပြီး လူတွေနဲ့ သဟဇာတမဖြစ်ကြခြင်းဖြစ်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore