ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ရင် ဒါတွေစွန့်လွှတ်လိုက်ပါ

2024-04-24 09:00:00 · Daily Lifestyle

ဘဝကို အရှုံးပေးချင်စိတ်တွေဖြစ်ပေါ်လာပြီး နေထိုင်ရတဲ့ကိုယ့်ဘဝကြီးက ပျော်ရွှင်စရာမရှိဘူးလို့ တွေးနေမိတယ်ဆိုတာဟာ စိတ်ဖိစီးမှုများခြင်းနဲ့ ဘဝကို ပျော်အောင်မနေတတ်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဘဝဆိုတာ နေတတ်ရင်ပျော်စရာပါ ဆိုတဲ့ ပြောစကားတွေအရ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝတစ်ခုကို သာယာလှပအောင် ဖန်တီးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ ပျော်ရွှင်လှပတဲ့ဘဝကို တောင့်တနေရုံနဲ့ ဘာမှဖြစ်မလာပါဘူး။ ကိုယ့်ကို စိတ်ညစ်စေမယ့်အရာတွေ၊ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဆွဲယူသွားတဲ့ အရာတွေကို ရှောင်ကြဉ်တတ်ဖို့ လိုပါတယယ်။ ဒီတော့.. ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်ဘက်က စွန့်လွှတ်ရမယ့် အပိုင်းတွေလည်း ရှိနေပါတယ်။

(၁) မိမိကိုယ်ကိုဝေဖန်ခြင်း

ဝေဖန်ပိုင်းခြားတတ်တဲ့ စိတ်က ကောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ဘဝဖြစ်တည်မှုအပေါ်မှာ အလွန်အကျွံတွေးတော ဝေဖန်နေမိမယ်ဆိုရင်တော့ အဆိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မိမိကိုယ်ကို ဝေဖန်တတ်တဲ့ သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ မိမိကိုယ်ကိုအားမရခြင်း၊ တခြားသူနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်လာခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေက သင့်ဘဝကို အနှောက်အယှက်ပေးနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

(၂) အတိတ်ကမရုန်းထွက်နိုင်ခြင်း

အတိတ်မှာကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို ပြန်တွေးတောပြီး နောင်တရနေတာကလည်း သင့်ရဲ့ပျော်ရွှင်ဖွယ် ဘဝကို ဖျက်ဆီးနေတဲ့အရာပါ။ လူတိုင်းအမှားနဲ့ မကင်းဘဲ သင်ခန်းစာယူနိုင်ဖို့ကသာ အဓိကကျတာပါ။ ဒါ့ကြောင့် အတိတ်က ဖြစ်ရပ်တွေကို ပြန်တွေးမနေနဲ့ လက်ရှိမှာ အကောင်းဆုံးဘဝကို ဖန်တီးမယ်ဆိုတဲ့ စိတ်ကိုသာ ထားရှိရမှာဖြစ်ပါတယ်။

(၃) လူတောမတိုးခြင်း

ဘဝဟာ ငြီးငွေ့စရာကောင်းတယ်၊ အထီးကျန်ဆန်တယ်လို့ ပြောတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် လူမှုဆက်ဆံရေးပိုင်းတွေမှာ ညံ့ကြတာကို တွေ့ရပါတယ်။ လူဆိုတာ အပေါင်းအသင်း၊ မိတ်ဆွေတွေနဲ့ နေထိုင်ရတာဖြစ်လို့ လူကြောက်တဲ့စိတ်၊ လူတောမတိုးရဲတဲ့စိတ်တွေကို ဖယ်ရှားနိုင်မှသာ လူမှုဆက်ဆံရေး ကောင်းမွန်လာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

(၄) မနာလိုခြင်း

သူတပါးရဲ့ အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှုတွေကို မနာလိုစိတ်ဖြစ်နေတာကလည်း သင့်ရဲ့စိတ်ကို ဒုက္ခပေးနေတာပါ။ စိတ်မချမ်းသာရင် ဘဝဟာလည်း ပျော်ရွှင်စရာ ရှိလာမှာ မဟုတ်ပါဘူး။ သူများဘဝနဲ့ နှိုင်းယှဉ်ပြီး မနာလိုစိတ်ထားတာဟာ မကောင်းတဲ့ အရာဖြစ်လို့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီလိုစိတ်တွေကို လက်လွှတ်နိုင်ဖို့ လိုပါတယ်။

(၅) ဒေါသစိတ်

ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့အရာတိုင်းကို လက်လွှတ်နိုင်ရင် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတော့… စိတ်ကို ထိန်းချုပ်နိုင်ဖို့က အရေးကြီးပါတယ်။ သင့်ကို စိတ်ညစ်စေမယ့် အရာတွေ၊ ဒေါသဖြစ်စေမယ့်အရာတွေကို ပေါက်ကွဲမထွက်မိအောင် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ စိတ်ကို Relax ထားတာကလည်း သင့်ကိုပျော်ရွှင်မှုပေးနိုင်မှာ သေချာပါတယ်။

(၆) ဆိုရှယ်မီဒီယာ

ဆိုရှယ်မီဒီယာအလွန်အကျွံအသုံးပြုတာကလည်း သင့်ဘဝရဲ့ ပျော်ရွှင်မှုကို အနှောက်အယှက် ပေးနေတယ်ဆိုတာ သင့်သိပါသလား။ ဆိုရှယ်မီဒီယာမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မြင်တွေ့ပြီး စိတ်ညစ်နေမယ်၊ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ချစ်သူနဲ့ ရန်ဖြစ်၊ စကားများစေတဲ့ အရာတွေ ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့ ပျော်ရွှင်ဖွယ်ဘဝကို ဆိုရှယ်မီဒီယာက ဖျက်ဆီးနေတာပါ။ ဒီတော့ ဆိုရှယ်မီဒီယာကို စွဲစွဲလန်းလန်း အသုံးပြုခြင်းကလည်း သင့်ရဲ့ ဘဝကို အနှောက်အယှက် ပြုနေတယ်ဆိုတာ မမေ့ပါနဲ့။

(၇) မပျော်ရွှင်တဲ့အချစ်ရေး

အချစ်ဆိုတဲ့အရာက သင့်ကိုပျော်ရွှင်စေတယ်ဆိုရင်တော့ ဒါဟာ သာယာလှပတဲ့အချစ်ရေးလို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အမြဲလိုလို ပြဿနာတွေတက်ပြီး စိတ်ညစ်နေရမယ်၊ ငိုနေရမယ် ဆိုရင်တော့ Toxic RS လို့ သတ်မှတ်နိုင်ပါတယ်။ သင်လက်ခံထားတဲ့ အချစ်ရေးက သင့်ရဲ့ ပျော်ရွှင်နေပြီးသား ဘဝကိုတောင် အဆိပ်ဖြစ်နေစေတယ်ဆိုတာကို သိရှိလာတာနဲ့အမျှ သင့်ဘက်က လက်လွှတ်နိုင်ဖို့ လိုပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore