သီချင်းနားထောင်ခြင်းက စိတ်ခွန်အားပေးစွမ်းနိုင်

2024-04-23 09:25:00 · Daily Lifestyle

ဂီတက စိတ်ကို ပျော်ရွှင်စေတဲ့ အကောင်းဆုံးသော အရာအဖြစ် လူငယ်အများစုက သတ်မှတ် ထားကြပါတယ်။ စိတ်ညစ်နေချိန်၊ အသည်းကွဲချိန်ဆိုရင်လည်း သီချင်းနားထောင်ပြီး စိတ်ပျော်ရွှင်မှုကို ဖန်တီးယူတတ်ကြပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်၊ မကြာခဏ သီချင်းနားထောင် ပေးတာက သင့်ရဲ့ ကျန်းမာရေးအတွက် များစွာ ကောင်းကျိုးပြုတာကို တွေ့ရပါတယ်။ ဒါပေမယ့် နားကြပ်နဲ့ အချိန်ကြာရှည်စွာ နားထောင်တာမျိုးကိုတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်နော်။

(၁) သင့်ရဲ့စိတ်ကို အလိုအလျောက်ပျော်ရွှင်မှု ဖန်တီးပေးနိုင်တဲ့ တစ်ခုတည်းသောအရာကလည်း ဂီတ၊ သီချင်းသံစဉ်တွေပါပဲ။ ဒီဂီတသံစဉ်တွေက သင့်ခန္ဓာကိုယ်တွင်းက ပျော်ရွှင်ခြင်း ဟော်မုန်းကို ပိုမိုထွက်ပေါ်လာစေအောင် လှုံ့ဆော်ပေးတဲ့အတွက် စိတ်ညစ်တဲ့အချိန်ဆိုရင် သီချင်းပဲ နားထောင်နေ လိုက်ပါလို့ အကြံပြုပါရစေ။

(၂) ဂီတပညာရှင်၊ အဆိုတော်တွေ အများစုက သူတို့ရဲ့ ရင်တွင်းက နာကျင်ခံစားချက်တွေကို သီချင်းအဖြစ် ပြောင်းလဲတတ်ကြပါတယ်။ ဒါ့ကြောင့် အသည်းကွဲတဲ့အချိန်မှာ သီချင်းနားထောင်ပြီး စိတ်ထွက်ပေါက်ရှာလို့ ရပါတယ်။ စိတ်မွန်းကြပ်ပြီး အရမ်း control လုပ်ထားရတဲ့အခါ ပေါက်ကွဲထွက်ချင်တယ်ဆိုရင်တော့ သီချင်းသံစဉ်တွေက သင့်ကို ကူညီပေးပါလိမ့်မယ်။

(၃) Work out လုပ်တဲ့အချိန်၊ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်မှာဆိုရင် အများစုက နားကြပ်တပ်ပြီး သီချင်းနားထောင်တတ်ကြတာကို သတိပြုမိကြမှာပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သီချင်းမြူးမြူးလေးတွေ နားထောင်တာက စိတ်ကိုတက်ကြွလာစေပြီး work out လုပ်ရတာလည်း ပိုမိုအားရှိလာသလို ခံစားရစေပါတယ်။ ဒါ့ကြောင့် သီချင်းသံစဉ်ဆိုတာက စိတ်ခွန်အားပေးတဲ့ အရာတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။

(၄) ညဘက်အိပ်မပျော်တဲ့အခါ သီချင်းအေးအေးလေး ဖွင့်ပြီး အိပ်ကြည့်လိုက်ပါ။

ဒီလိုနူးညံ့ညင်သာတဲ့ ဂီတသံစဉ်တွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ သီချင်းသံစဉ်တွေက စိတ်ကိုအေးချမ်းစေပြီး အာရုံမပျံ့လွင့်တော့တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေဖို့ အထောက်အကူပြုပါတယ်။

(၅) စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

စိတ်ဖိစီးမှုများလာတဲ့အခါ လျှော့ချဖို့အတွက် နည်းလမ်း ပေါင်းစုံရှိတဲ့အထဲကမှ ချောကလက်၊ အချိုစားပေးတာက စိတ်ဖိစီးမှု ၅၅ ရာခိုင်နှုန်း လောက်ဖြေလျော့ ပေးပြီး၊ သီချင်းနားထောင် မယ်ဆိုရင်တော့ စိတ်ဖိစီးမှုရဲ့ ၆၅ရာခိုင်နှုန်းလောက်ကို လျှော့ချပေးတယ် လို့ သိရပါတယ်။ ဒါ့ကြောင့် သီချင်းနားထောင်ခြင်းက စိတ်ဖိစီးမှုကို တစ်ဝက်ကျော်လောက်ထိ လျှော့ချပေးတဲ့အတွက် စိတ်ဖြေလျှော့ဖို့ အကောင်းဆုံးနည်းလမ်း တစ်ရပ်ပါပဲ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore