သင့်ရဲ့လူမှုဘဝမှာ ကိုယ့်ကိုယ်ကို motivate ဖြစ်စေနိုင်မယ့် နည်းလမ်းများ

2024-04-08 09:00:00 · Daily Lifestyle

သင့်စိတ်ထဲမှာ လျစ်လျူရှုခံထားရတယ် (သို့) စိတ်ဖိစီးမှုကိုခံစားရတယ် (သို့) စိတ်ထဲမှာ အထီးကျန်သလို ခံစားနေရတယ်ဆိုရင် သင့်အတွက် Motivate ဖြစ်ဖို့လိုအပ်နေပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။ ကျန်းမာပြီး စိတ်ခွန်အားရှိဖို့အတွက် အစားကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလိုမျိုးသင့်ရဲ့နေထိုင်မှုပုံစံအချို့ကို ပြောင်းလဲလိုက်မယ်ဆိုရင် စိတ်လက်ပေါ့ပါးလာပြီး သက်တောင့်သက်သာနဲ့ ပိုပြီးကျန်းမာလာတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်ဖြတ်သန်းနေတဲ့ ပုံစံအချို့ကိုပြောင်းလဲဖို့လိုအပ်ပါတယ်။ ဘယ်လိုလူနေမှုပုံစံတွေကိုပြောင်းလဲသင့်သလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။

၁။ ပန်းတိုင်ကိုချရေးပါ။

လူတိုင်းက စိတ်ထဲမှာ လုပ်ချင်တာတွေ များနေတတ်ကြပါတယ်။  သူတို့ကဒါကို ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်လို့ထင်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို သေချာစဉ်းစားပါ။ စိန်ခေါ်မှုလဲရှိရမယ်၊ အဓိပ္ပယ်လဲရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်ကိုတော့ အောင်မြင်ကျော်လွှားဖြတ်ကျော်နိုင်ဖို့လိုအပ်ပါတယ်။ ကိုယ့်ပန်းတိုင်ကို ကိုယ်တိုင်အောင်မြင်ဖို့အတွက် ပြင်ဆင်ထားသင့်တဲ့အရာလေးတွေကိုလည်း သေချာပြင်ဆင်ထားသင့်ပါတယ်။

၂။ သေချာအာရုံစိုက်လုပ်ပါ။

ကျန်းမာတဲ့လူနေမှုပုံစံက ဘက်ပေါင်းစုံနဲ့ အပြန်အလှန်ဆက်စပ်နေပါတယ်။ အသစ်အသစ်သောအရာတွေကိုတစ်ပြိုင်တည်းအောင်မြင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ကို့ဘက်ကနေ အတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားမှသာလျှင် အောင်မြင်ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်မယ့်အရာတစ်ခုကို အရင်ဆုံးပြင်ဆင်ပြီး သေချာအာရုံစိုက်သင့်ပါတယ်။

၃။ သူငယ်ချင်းကောင်းကိုရှာပါ။

ငယ်ငယ်ကတည်းက ခင်ခဲ့တာမျိုး သူငယ်ချင်းကောင်းလို့ မဆိုနိုင်ပါဘူး။ ကြီးလာမှ ခင်ပြီး သူငယ်ချင်းကောင်းဖြစ်သွားတဲ့သူတွေအများကြီးရှိပါတယ်။ သူငယ်ချင်းကောင်းမှာ ကိုယ့်အခက်အခဲနဲ့ သူ့အခက်အခဲတွေကို အတူတကွဖြေရှင်းတတ်ကြသလို တစ်ယောက်ကိုတစ်ယောက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ကြပါတယ်။ လူတစ်ယောက်မှာ သူငယ်ချင်းတစ်ယောက်တော့ ရှိသင့်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore