အမျှင်ဓာတ်ကြွယ်ဝသဖြင့် ပုံမှန်စားသုံးသင့်တဲ့ အစားအစာများ

2024-05-21 06:30:00 · Take care of your health

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းဖြင့် အစာခြေစနစ် ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ နာတာရှည်ရောဂါများ ကာကွယ်ပေးနိုင်ကာ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေတာကြောင့် ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

အမျှင်ဓာတ်ထောက်ပံ့ပေးမယ့် အစားအစာတွေကတော့ ..

(၁) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပြီး အစာကြေစေပါတယ်။


(၂) အုတ်စပါး

အုတ်စပါးမှာပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်က  ကိုလက်စထရောလ် ကျစေပြီး ဗိုက်ပြည့်ဝနေစေပါတယ်။

(၃) ပဲအမျိုးမျိုး

ပဲကြီး၊ ပဲနီလေး၊ ကုလားပဲတို့က အမျှင်ဓာတ်ကြွယ်ဝပြီး ဗိုက်ပြည့်ဝနေစေကာ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ပါတယ်။


(၄) ပန်းဂေါ်ဖီစိမ်း

ဝမ်းကိုပျော့စေကာ ပုံမှန်ဝမ်းသွားစေပြီး ကိုလက်စထရောလ် လျှော့ချပေးနိုင်ပါတယ်။

(၅) ဘယ်ရီသီးများ

စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတို့ဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်၊ သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။


(၆) ကွီနိုအာ

ဂလူတန်မပါတဲ့ စပါးမျိုးဖြစ်ပြီး အစာခြေခြင်းကို ကူညီပေးကာ ဗိုက်ပြည့်ဝနေစေပါတယ်။


(၇) ကန်စွန်းဥ

အမျှင်ဓာတ် ပေါများစွာပါဝင်ပြီး သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးကာ အာဟာရဓာတ်များ ရရှိစေပါတယ်။

(၈) ချီယာစေ့

ပျော်ဝင်စေတဲ့ အမျှင်ဓာတ်များပါဝင်ကာ အစာခြေခြင်းကို ကူညီပေးပြီး ဗိုက်ပြည့်ဝနေစေပါတယ်။


(၉) ဂျုံစပါးမျိုးများ

ဆန်ညို၊ ဘာလီ၊ ဂျုံတို့ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဗိုက်ပြည့်တင်းစေပါတယ်။


(၁၀) အခွံမာသီးများနှင့်အစေ့များ

ဗာဒံစေ့၊ လျှော်စေ့၊ ဖရုံစေ့တို့ဟာ အမျှင်ဓာတ်ပေါများပြီး အာဟာရဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။

Ms

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Take care of your health
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore