လေဖြတ်ခြင်းအန္တရာယ်မတိုင်ခင် စိတ်ဓာတ်ကျဝမ်းနည်းခြင်း လက္ခဏာများ ခံစားရနိုင်ဖွယ်ရှိနေ

2024-04-06 22:30:00 · Take care of your health

လတ်တလောရက်ပိုင်းတွေမှာ ဝမ်းနည်းသလိုခံစားမိနေတာမျိုးက လေဖြတ်ခြင်းဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ကြိုတင်သိရှိနိုင်တဲ့လက္ခဏာဖြစ်ပါတယ်။လေဖြတ်ဝေဒနာသည်တွေဟာ လေမဖြတ်ခင်မှာ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်းတို့ကို နှစ်အနည်းငယ်တိုင်အောင် ခံစားခဲ့ရတာကို သုတေသီများတွေ့ရှိခဲ့ကြပါတယ်။ဖြစ်နိုင်တဲ့ဆက်စပ်မှုတွေက သေချာမသိရသေးပေမယ့် သွေးကြောတွေမှာ စိတ်ဖိစီးခြင်းကို ဖြစ်စေတဲ့ရောင်ရမ်းခြင်းမျိုး ဖြစ်ပေါ်တာကြောင့်လို့ ယူဆရဖွယ်ရှိပါတယ်။လေဖြတ်ပြီးမှတင် မဟုတ်ပါဘူး၊ စိတ်ဓာတ်ကျခြင်းက လေဖြတ်ခြင်းမဖြစ်ခင်မှာလည်း လက္ခဏာပေါ်ပေါက်တတ်ပါတယ်။

စိတ်ဓာတ်ကျခြင်းလက္ခဏာတွေ၊ မောပန်းနွမ်းနယ်တဲ့လက္ခဏာတွေ အနည်းငယ်ပိုဖြစ်လာရင်တောင် လေဖြတ်ခြင်းဖြစ်လာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။လေဖြတ်ခြင်းမဖြစ်ဖူးတဲ့ လူကြီးအယောက် ၁ သောင်းကို ၁၀ နှစ်ကျော်ကြာအောင် လေ့လာမှုပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက် လေဖြတ်ခဲ့တဲ့ဝေဒနာသည်တွေဟာ လေမဖြတ်ခင် ၂ နှစ်လောက်မှာ စိတ်ကျဝေဒနာလက္ခဏာတွေ ခံစားခဲ့ရတာကို တွေ့ရှိခဲ့ကြပါတယ်။

လေဖြတ်ရောဂါဖြစ်ပြီးမှ စိတ်ကျဝေဒနာဖြစ်လေ့ရှိတယ်လို တွေ့ရှိထားကြပေမယ့် အခုအခါမှာတော့ လေဖြတ်ခြင်းမဖြစ်မီမှာပင် စိတ်ကျဝေဒနာလက္ခဏာများ ခံစားကြရတာကို တွေ့ရှိခဲ့ပါတယ်။အသက် ၆၅ နှစ်အထက် လူကြီး ၁၀,၇၉၇ ဦးကို ၁၂ နှစ်ကြာအောင် စောင့်ကြည့်လေ့လာခဲ့ရာ ၄၂၅ ဦးက လေဖြတ်ဝေဒနာ ခံစားခဲ့ရပါတယ်။စောင့်ကြည့်နေတဲ့လူအားလုံးကို ၂ နှစ်တစ်ခါ စိတ်ဓာတ်ကျလက္ခဏာခံစားရခြင်းနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ကြပါတယ်။ထိုလက္ခဏာတွေထဲမှာ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊ အိပ်မပျော်ခြင်းစတဲ့ လက္ခဏာတွေ ပါဝင်ပါတယ်။ဒါပေမဲ့လည်း လေဖြတ်ခြင်းမဖြစ်ခင် စိတ်ဓာတ်ကျလက္ခဏာပေါ်ပေါက်တာက အနည်းငယ်သာတွေ့ရှိရပြီး အမြဲတမ်းစမ်းသပ်တွေ့ရှိတာမျိုး မဟုတ်ပါဘူး။

သွေးကြောထဲမှာ သွေးခဲပိတ်ဆိုပြီး ဦးနှောက်မှာ သွေးလည်ပတ်မှုမရှိတဲ့အခါ လေဖြတ်ခြင်းဖြစ်ပေါ်ပါတယ်။သွေးကြောပေါက်ထွက်ပြီး ဦးနှောက်ထဲ သွေးတွေပြည့်လျှံကာ အခြားနေရာတွေသွေးမလောက်တဲ့အခါမျိုးမှာလည်း လေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။လေဖြတ်ဝေဒနာသည် ၃ ပုံ ၁ ပုံလောက်က အချိုအချိန်တွေမှာ စိတ်ဓာတ်ကျခြင်းဖြစ်ပွားတတ်ပြီး ဦးနှောက်မှာ ဇီဝဓာတုပြောင်းလဲမှုများဖြစ်ပေါ်တတ်ပါတယ်။

Ms

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Take care of your health
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore