အကြောအချဉ်တင်းသောရောဂါအတွက်စားပေးသင့်တဲ့ အစားအစာတွေ

2024-04-05 22:30:00 · Take care of your health

အထိုင်များတာနဲ့ လှုပ်ရှားတာနည်းပါးတဲ့ အလုပ်အကိုင်လုပ်ကြသူတွေမှာ အကြောအချဉ်တင်းပြီးနေလို့မကောင်းတာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အဲ့ဒီ့အကြောအချဉ်တင်းတဲ့ရောဂါကို လျော့ပါးသက်သာအောင်စားပေးသင့်တဲ့ အစာအာဟာရအုပ်စုတွေကိုရှာဖွေဖော်ပြပေးလိုက်ပါတယ်။

အစာအာဟာရဓာတ်စာအညွန်းမှာ ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးရံ့၊ ငါးကြင်း၊ ငါးပနော်၊ ငါးဘတ် အစရှိသည့်ငါးများမှ တစ်မျိုးကိုအလှည့်ကျ ချက်စားနိုင်ပါတယ်။ထိုကဲ့သို့အစားစားသုံးခြင်းအားဖြင့် အကြောအချဉ်တင်းသော ရောဂါအတွက် အစာအာဟာရကုထုံးဓာတ်စာလည်းဖြစ်ပါတယ်။

ကြိတ်မှန်ရွက်စိမ်းကို ပတဲကောအနည်းငယ်ထည့်ကာငရုတ်သီး၊ ကြက်သွန်နီ၊ နှမ်း၊ အိမ်သုံးဆား အနည်းငယ်ထည့်ပြီးငါးကျည်းခြောက်နိုင်နိုင်ဖြင့် သံပုရာဆမ်းကာမကြာခဏသုပ်စားပေးနိုင်ပါသည်။ ယင်းအစားအစာများသည် အကြောရောဂါများကို ပျောက်ကင်းစေနိုင် သည့် ဆေးဖက်ဝင်ဓာတ်စာများ လို့သိရပါတယ်။

နောက်ထပ်ကခွေးတောက်ရွက်နှင့် ပြုတ်ထားသော ငါးမြွေထိုးကို ကြက်သွန်ဖြူဥတစ်လုံးနှင့် နိုင်နိုင်ကြော်စားပေးပါ။ ညောင်းညာကိုက်ခဲသော ရောဂါအတွက် ဆေးဖက်ဝင်ဟင်းလျာတစ်ခွက် အဖြစ်စားသုံးနိုင်ပါတယ်။

Ms


No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Take care of your health
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore