ဝိတ်ကျစေတဲ့ မနက်စာ

2024-05-20 21:36:37 · Make Your Body

ဝိတ်ကျဖို့အတွက် အာဟာရပြည့်ဝပြီး ကယ်လိုရီနည်းတဲ့ မနက်စာကို စားဖို့လိုပါတယ်။ ဝိတ်ချနေတယ်ဆိုပြီး မနက်စာ မစားတာမျိုးက မှားယွင်းတဲ့ အယူအဆပါ။ မနက်စာက ကိုယ်အလေးချိန် ထိန်းညှိရာမှာ အရေးပါ,ပါတယ်။

ပရိုတင်း

ပရိုတင်းကတော့ မနက်စာမှာ မပါမဖြစ်လို့ဆိုရမှာပါ။ ဥတစ်မျိုးမျိုးစားပေးပါ။ နှစ်လုံးကနေ သုံးလုံးအထိ စားသင့်ပါတယ်။ နို့သောက်ပါ။ ဒိန်ချဉ်လည်း သောက်လို့ရပါတယ်။

သစ်သီးဖျော်ရည်

လတ်ဆတ်တဲ့ သီးနှံတွေကိုလည်း မနက်စာမှာ ထည့်စားသင့်ပါတယ်။ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီးတွေက စားဖို့ သင့်လျော်ပါတယ်။ အသီးတွေကို ဒီအတိုင်းမစားချင်ရင် ဖျော်ရည်လုပ်သောက်တာမျိုးလည်း လုပ်နိင်ပါတယ်။


ရှောင်ရန်

အချိုနဲ့ သကြားအရမ်းများတာမျိုးကို ရှောင်ပါ။ ချောကလက်လို အစားအသောက်မျိုးလည်း မစားသင့်ပါဘူး။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Make Your Body
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore