လေ့ကျင့်ခန်းစလုပ်ချိန်မှာ အာဟာရဖြည့်စွက်စာ စားသင့်လား (၃)

2024-05-20 13:57:38 · Fitness Studio

ကျန်းမာစေတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို စလုပ်ပြီဆိုရင် ထိရောက်တဲ့လေ့ကျင့်မှုတွေအပြင် နောက်ထပ်အာရုံစိုက်ရမှာက သင့်လျော်တဲ့ အာဟာရပုံစံပါ။ ဖြည့်စွက်အာဟာရတွေကို လေ့ကျင့်ခန်းစတာနဲ့ တပြိုင်နက်တည်း သုံးစွဲသင့်တယ်လို့ အကြံပေးသူတွေရှိလာရင်တော့ မယုံလိုက်ပါနဲ့။ ဒါက မှားယွင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန် ရှစ်ပတ်ကနေ ၁၂ပတ်လောက်အကြာမှ ဖြည့်စွက်အာဟာရကို သုံးသင့်ပါတယ်။ အာဟာရဖြည့်စွက်စာ စသုံးဖို့အတွက် ဘာတွေသိထားပြီး ပြင်ဆင်ဖို့ လိုပါသလဲ။

ဓာတ်မတည့်မှုများကို ဂရုစိုက်ပါ

အာဟာရဖြည့်စွက်စာနဲ့ ဆေးဝါးတွေကို သုံးမယ်ဆိုရင် ဓာတ်မတည့်တာမျိုးကို ဂရုစိုက်ဖို့လိုပါတယ်။ ရောယှက်မှုတွေဖြစ်ပြီး ဓာတ်မတည့်နိုင်ဘူးဆိုရင်အန္တရာယ်ရှိပါတယ်။

ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပါ

အာဟာရဖြည့်စွက်စာတွေ သုံးပြီးနောက်မှာ ခန္ဓာကိုယ်တုံ့ပြန်မှုကို သတိထားစောင့်ကြည့်ဖို့လိုပါတယ်။ ကျန်းမာရေးအရ ပြောင်းလဲမှုရှိမယ်ဆိုရင် ဆေးဝါးသုံးစွဲမှုကို အချိန်မီ ရပ်တန့်ဖို့လိုပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Fitness Studio
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore