လေ့ကျင့်ခန်းစလုပ်ချိန်မှာ အာဟာရဖြည့်စွက်စာ စားသင့်လား (၂)

2024-05-18 07:30:00 · Fitness Studio

ကျန်းမာစေတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို စလုပ်ပြီဆိုရင် ထိရောက်တဲ့လေ့ကျင့်မှုတွေအပြင် နောက်ထပ်အာရုံစိုက်ရမှာက သင့်လျော်တဲ့ အာဟာရပုံစံပါ။ ဖြည့်စွက်အာဟာရတွေကို လေ့ကျင့်ခန်းစတာနဲ့ တပြိုင်နက်တည်း သုံးစွဲသင့်တယ်လို့ အကြံပေးသူတွေရှိလာရင်တော့ မယုံလိုက်ပါနဲ့။ ဒါက မှားယွင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန် ရှစ်ပတ်ကနေ ၁၂ပတ်လောက်အကြာမှ ဖြည့်စွက်အာဟာရကို သုံးသင့်ပါတယ်။ အာဟာရဖြည့်စွက်စာ စသုံးဖို့အတွက် ဘာတွေသိထားပြီး ပြင်ဆင်ဖို့ လိုပါသလဲ။

ပရော်ဖက်ရှင်နယ်တွေနဲ့တိုင်ပင်ပါ

အာဟာရဖြည့်စွက်စာ သုံးတော့မယ်ဆိုရင် ကျွမ်းကျင်သူပရော်ဖက်ရှင်နယ်တွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။ သူတို့က အာဟာရလိုအပ်ချက်တွေကို သုံးသပ်ပြီး သင့်လျော်တဲ့ ဖြည့်စွက်စာနဲ့ ပမာဏကို အကြံပြုပေးနိုင်ပါတယ်။

အရည်အသွေးဂရုစိုက်

အာဟာရဖြည့်စွက်စာတွေက တစ်မျိုးနဲ့တစ်မျိုးမတူညီပါဘူး။ ဒါကြောင့် အရည်အသွေးကို ဂရုစိုက်ရပါမယ်။ ယုံကြည်ရတဲ့အမှတ်တံဆိပ်နဲ့ အရည်အသွေးမြင့်ထုတ်ကုန်တွေကို ရွေးချယ်ဖို့လိုပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Fitness Studio
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore