လေ့ကျင့်ခန်းစလုပ်ချိန်မှာ အာဟာရဖြည့်စွက်စာ စားသင့်လား (၁)

2024-05-17 07:30:00 · Fitness Studio

ကျန်းမာစေတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို စလုပ်ပြီဆိုရင် ထိရောက်တဲ့လေ့ကျင့်မှုတွေအပြင် နောက်ထပ်အာရုံစိုက်ရမှာက သင့်လျော်တဲ့ အာဟာရပုံစံပါ။ ဖြည့်စွက်အာဟာရတွေကို လေ့ကျင့်ခန်းစတာနဲ့ တပြိုင်နက်တည်း သုံးစွဲသင့်တယ်လို့ အကြံပေးသူတွေရှိလာရင်တော့ မယုံလိုက်ပါနဲ့။ ဒါက မှားယွင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန် ရှစ်ပတ်ကနေ ၁၂ပတ်လောက်အကြာမှ ဖြည့်စွက်အာဟာရကို သုံးသင့်ပါတယ်။ အာဟာရဖြည့်စွက်စာ စသုံးဖို့အတွက် ဘာတွေသိထားပြီး ပြင်ဆင်ဖို့ လိုပါသလဲ။

စားသောက်ပုံကို သုံးသပ်ပါ

ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်တွေမှာ အာဟာရဓာတ်ဘယ်လောက်အထိ ပါဝင်နေသလဲဆိုတာကို သုံးသပ်ပါ။ စားသောက်မှုပုံစံကို စနစ်ကျအောင် ပြင်ဆင်နိုင်မယ်ဆိုရင် အာဟာရဖြည့်စွက်စာ မလိုအပ်ပါဘူး။

လိုအပ်ချက်တွေကို သတ်မှတ်ပါ

တစုံတရာ ကျန်းမာရေးပြဿနာရှိနေသလား၊ ဒါမှမဟုတ် အာဟာရမလုံလောက်မှုရှိနေသလားဆိုတာကို ဆန်းစစ်ပါ။ ဥပမာ ဗီတာမင်-ဒီ၊ သံဓာတ်၊ ကယ်လ်စီယမ် စတာတွေ ချို့တဲ့နေမယ်ဆိုရင် ဖြည့်စွက်စာသုံးဖို့လိုပါမယ်။



No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Fitness Studio
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore