တစ်နေ့ကို လေ့ကျင့်ခန်း ဘယ်နှစ်ကြိမ် လုပ်သင့်လဲ

2024-05-14 07:30:00 · Fitness Studio

တစ်နေ့ကို လေ့ကျင့်ခန်း ဘယ်နှစ်ကြိမ်လုပ်သင့်လဲ..။ ဒီမေးခွန်းက လေ့ကျင့်ခန်းစလုပ်မယ့်သူတိုင်း မေးတတ်ကြပါတယ်။ အဖြေကတော့ ကြံ့ခိုင်မှုအနေအထား၊ ရည်မှန်းချက်နဲ့ အချိန်ကန့်သတ်ချက်တွေအပေါ်မူတည်ပါတယ်။ ရည်ရွယ်ချက်ပိုမြင့်မားလေ အရောက်သွားဖို့ အချိန်ကြာလေပါပဲ။ အလုပ်အရမ်းများနေမယ်၊ မိသားစုအတွက် အချိန်အရမ်းပေးရမယ်၊ တခြားအရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိနေမယ်ဆိုရင် တစ်ပတ်ကို နာရီပေါင်းများစွာ လုပ်နိုင်မှာမဟုတ်ပါဘူး။

တိုးတက်မှုရှိဖို့အတွက်တော့ အနည်းဆုံး တစ်ရက်ကို တစ်နာရီနှုန်းနဲ့ တစ်ပတ်ကို သုံးရက်လောက်လုပ်ဖို့လိုပါတယ်။ တိုးတက်ဖို့အတွက် အချိန်တော့ လိုအပ်ပါတယ်။ တစ်ပတ်ကို သုံးကြိမ်နဲ့စပြီး အကြိမ်အရေအတွက်ကို ထပ်ပေါင်းထည့်တာမျိုးလုပ်သင့်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Fitness Studio
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore