အိမ်မှာလုပ်သင့်တဲ့ Cardio လေ့ကျင့်ခန်းများ (၇)

2024-04-30 07:30:00 · Dance Dyanmics

Cardio လေ့ကျင့်ခန်းလုပ်ဖို့အတွက် ပစ္စည်းကိရိယာအများအပြားမလိုပါဘူး။ ဂီတနဲ့ကတာအပါအဝင် အိမ်မှာပဲလုပ်နိုင်တဲ့ လေ့ကျင့်ခန်းအများအပြားရှိပါတယ်။ The American College of Sports Medicine ရဲ့ထုတ်ပြန်ချက်အရ တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားမှု မိနစ် ၃၀၀ လောက်လုပ်သင့်တယ်လို့ဆိုပါတယ်။ ဒီတော့ အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် Cardio လေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Lateral shuffles

ဒီလှုပ်ရှားမှုက ဘောလုံးမကစားခင်၊ အမြန်စီးစကိတ်မစီးခင်မှာလုပ်ရတဲ့ သွေးပူလေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ အစွန်းတစ်ဖက်ကနေစတင်ပြီး အနည်းငယ်ထိုင်ပါ။ ခြေဖျားကို ကြမ်းခင်နဲ့ထောက်လှုပ်ရှားမှုလုပ်ပြီး ဘေးတိုက်ရွှေ့ပေးပါ။ အရှိန်ကိုမြှင့်ပြီး လုပ်ပေးနိုင်ပါတယ်။

“Screamer” lunges

ခြေသလုံးကြွက်သားကို အားကောင်းစေပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးပါ။ ခြေဖဝါးကို တင်ပါးနဲ့ခွာပြီး မတ်တပ်ရပ်ပါ။ ညာဘက်ခြေထောက်ကို အနောက်အနည်းငယ်ဆုတ်ပြီး ပြန်ဆန့်ပါ။ ညာဘက်ဒူးကို ညာခြေနဲ့တွန်းထုတ်ပြီး လေထဲကိုခုန်ပါ။ ဘယ်ခြေထောက်နဲ့ အလားတူပုံစံမျိုးနဲ့လုပ်ပါ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Dance Dyanmics
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore