Love in contract ထဲက မင်းသမီး Park Min Young Fashion

2024-05-18 08:30:00 · Fashionary

Love in contract ထဲက မင်းသမီး Park Min Young Fashion

Park Min-young ဟာ What's wrong with secretary Kim ရုပ်ရှင်ကားနဲ့ K drama ပရိသတ်တွေရဲ့နှလုံးသားထဲကို ရိုးရိုးရှင်းရှင်းဖက်ရှင်လေးတွေနဲ့ သူ့ရဲ့ အပြစ်ကင်းတဲ့မျက်နှာပုံစံလေးကြောင့် နေရာတစ်နေရာရထားတဲ့မင်းသမီးချောလေးပဲဖြစ်ပါတယ်။သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားအများအပြားထဲကမှ ဖက်ရှင်ကိုတော်တော်အရေးပေးပြီးဖော်ပြခဲ့တဲ့ Love in contract ထဲမှာဆိုရင် သူမရဲ့ တစ်ခြားမှာမမြင်ဖူးခဲ့တဲ့ဖက်ရှင်ပုံစံတော်တော်များများကိုမြင်ရမှာဖြစ်ပြီးတော့  တစ်ကယ့်အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းလေးကလဲ ဟန်ဆောင်လက်ထပ်တာကိုစီးပွားရေးတစ်ခု အသက်မွေးကြောင်းပြုနေတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့သရုပ်ဆောင်တာမို့လို့စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။မင်းသမီး Park Min-young ဟာ သူ့ရဲ့ အလှအပနဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ အမြဲငေးမောကြည့်ခဲ့ရတဲ့ သူမရဲ့ Fashion တွေကိုတစ်မေ့တစ်မော စောင့်မျှော်ခဲ့ရတဲ့ထဲကတစ်ခုပါပဲ။အခု အပိုင်းအားဖြင့် ၁၆ ပိုင်းလည်းထွက်ရှိခဲ့ပြီးပြီဆိုတော့ သူမ ဘယ်လို brand တွေနဲ့ styling လုပ်ခဲ့လဲ ဈေးနှုန်းအားဖြင့်ရော ဘယ်လောက်လောက်အသုံးပြုခဲ့လဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်လို့ ကိုယ့်အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ Fashion ရှိရင် ပြောပြသွားပေးပါဦးနော်။





No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Fashionary
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore