Best Bestie Photos

2024-04-30 08:30:00 · Snap and Style

Best Bestie Photos

ချစ်ရတဲ့ ကိုယ့်ရဲ့ကောင်းတူဆိုးတူ သူငယ်ချင်းမတွေနဲ့ဓာတ်ပုံရိုက်တဲ့အခါ အမိုက်စားလည်းဖြစ်ရမယ် ပျော်ရွှင်ပြီး ချစ်ခင်တဲ့ပုံလည်းပေါက်ရမယ်ဆိုသလိုမို့လို့ဒီကနေပြီးတော့ ဘယ်လိုပုံစံတွေက trend ဖြစ်ပြီး အမိုက်စားပုံပေါက်နေမလဲဆိုတာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲ....အဲ့တာဆိုအောက်မှာဆက်ကြည့်လိုက်ရအောင်နော်။

Pose 1

Hotel မှာ Staycation သွားနေတဲ့အခါ အေးဆေးလေး chill ပြီးပျော်ပါးနေတဲ့ပုံလေးတွေပေါ်အောင်လို့ အချေပုံစံမျိုးဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပုံစံလေးဖြစ်ဖြစ်ရိုက်လို့ရတာမို့လို့ ကိုယ်အရွယ်ရှိတုန်းမှာကိုယ့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အမှတ်တရလေးတစ်ခုအဖြစ်နဲ့ဒီလိုအမိုက်စားလေးတွေရိုက်ထားကြရအောင်နော်။

Pose 2

အစားအသောက်အတူတူစားသောက်ပြီးပျော်ပါးနေတဲ့ပုံလေးတွေလည်းအမှတ်တရရိုက်ထားသင့်ပါတယ်နော်။ဝိုင်ခွက်လေးနဲ့ chill နေတာဖြစ်ဖြစ် မုန့်တွေစားနေတဲ့ပုံလေးတွေဖြစ်ဖြစ်ကချစ်စရာကောင်းနေမှာအမှန်ပါပဲနော်။သူငယ်ချင်းတွေအကုန်လုံးက အစားအသောက်သမားတွေဆိုရင်တော့ဒီလိုပိုစ့်လေးကအသင့်တော်ဆုံးပါပဲနော်။

Pose 3

နောက်ဆုံးတစ်ခုကတော့ Bath Tube ထဲမှာ အမြှပ်တွေနဲ့ဆော့ကစားနေတဲ့ပုံလေးတွေ  အခွီအပြောင်လုပ်နေတဲ့ပုံလေးတွေကလည်း ပျော်စရာအမှတ်တရတစ်ခုအနေနဲ့ဖြစ်ပေါ်စေမှာမို့လို့ဒီလိုလေးတွေလည်းရိုက်ထားကြည့်ပါနော်။



No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Snap and Style
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore