‌Indonesia MPL season 13 ရဲ့ ချန်ပီယံအဖြစ် RRQ ရေပန်းအစားဆုံးဖြစ်နေခဲ့

2024-01-28 21:45:00 · Moba Game

‌ကစားသမားများစွာပြောင်းလဲထားတဲ့ RRQ အသင်းအနေနဲ့ ‌ Indonesia MPL season 13 မှာ ချန်ပီယံဆုရ ယူနိုင်မယ့် အသင်းအဖြစ် ရေပန်းစားမှုများရှိလာခဲ့ပြီး လက်ရှိချန်ပီယံ Onic Esports အတွက် ပြိုင်ဘက်ကောင်း အသင်းအဖြစ် စိန်ခေါ်နိုင်မှာဖြစ်ကြောင်း သုံးသပ်မှုတွေထွက်ပေါ်နေခဲ့ပါတယ်။

RRQ အသင်းဟာ ‌ Indonesia MPL ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို ပရိသတ်အများစုကို ပိုင်ဆိုင်ထားတဲ့ အတွက် အခုလိုသုံးသပ်မှုတွေရှိလာခဲ့တာဖြစ်ပေမယ့် တကယ်တမ်းမှာလည်း ဖိလစ်ပိုင်အင်အားစုကို ခေါ်ယူထား နိုင်ခဲ့ခြင်းက အပြောင်းအလဲအချို့ဖြစ်ပေါ်လာဖို့ရှိနေခဲ့တာပါ။

မြန်မာလူမျိုးနည်းပြဇေယျာ၊ ဖိလစ်ပိုင်လူမျိုးနည်းပြတို့ရဲ့ ဦးဆောင်မှုကို ပရိသတ်တွေက မျှော်လင့်နေခဲ့တာလ ည်းဖြစ်ပါတယ်။ ‌ Indonesia MPL သမိုင်းတစ်လျှောက် ၃ကြိမ်ဆက် ချန်ပီယံဖြစ်ထားတဲ့ တစ်သင်းတည်းသော အသင်းအဖြစ်ရပ်တည်နေခဲ့တဲ့ RRQ ရဲ့ ရာသီသစ်ပြင်ဆင်မှုက ၂နှစ်ဆက်ချန်ပီယံဖြစ်ထားတဲ့ Onic Esports ကို ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာအခြေအနေတစ်ခုထက်ပိုနေခဲ့ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 1

    Moba Game
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore