‌သတ်မှတ်ရက်ထက် အချိန်အနည်းငယ်နောက်ကျထွက်ဖို့ရှိနေတဲ့ Black Myth: Wukong

2024-01-28 15:45:00 · PC Game

‌၂၀၂၄ ခုနှစ်အတွင်း ထွက်ပေါ်လာဖို့ရှိနေတဲ့ ဂိမ်းစီးရီးအသစ်တွေထဲမှာ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးဂိမ်းတစ်ခု ဖြစ်တဲ့ Black Myth: Wukong အနေနဲ့ နည်းပညာလိုအပ်ချက်အချို့ကြောင့် သတ်မှတ်ထားတဲ့ရက်ထက်အနည်း ငယ်နောက်ကျပြီးမှ ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိလာခဲ့ပါတယ်။

အစောပိုင်းသတင်းထုတ်ပြန်ချက်အရ အဆိုပါ Black Myth: Wukong ကို ၂၀၂၄ ဩဂုတ် ၂၀ မှာ စတင်ဆော့က စားနိုင်မယ်လို့ သိထားရတယ်ဆိုပေမယ့် လက်ရှိအချိန်မှာတော့ နှစ်ကုန်ပိုင်းရောက်မှသာ အဆင်ပြေနိုင်မယ်လို့သ တင်းဖော်ပြမှုတွေရှိနေခဲ့တာဖြစ်ပေမယ့် တာဝန်ရှိသူတွေကတော့ တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးပါဘူး။

‌PlayStation 5 ၊ Xbox Series X/S နဲ့ PC တွေမှာ ဆော့ကစားလို့ရမယ့် Black Myth: Wukong ကို ကြိုတင်မှာ ယူထားတဲ့ ပရိသတ်အများစုအနေနဲ့ သတ်မှတ်ရက်အတွင်း ဆော့ကစားလို့မရမယ့် အခြေအနေအတွက် လူမှု ကွန်ယက်စာမျက်နှာတွေကနေ တဆင့်ဝေဖန်မှုတွေပြုလုပ်နေခဲ့တယ်လို့လည်း သိရပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    PC Game
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore