Esports ရဲ့ အခန်းကဏ္ဍက အသက်မွေးဝမ်းကြောင်းအတွက် ထိပ်ဆုံးနေရာမှာရှိလာခဲ့ပြီဖြစ်

2024-01-28 12:45:00 · eSports Event

၂၀၂၄ ခုနှစ်အတွက်ထွက်ပေါ်လာတဲ့ စစ်တမ်းအရ Esports ကနေ ဝင်ငွေရရှိမှုများ တိုးတက်လာခြင်းက အသက် မွေးဝမ်းကြောင်းပညာရပ်တစ်ခုအဖြစ် ထိပ်ဆုံးနေရာမှာရှိလာခဲ့ကြောင်း၊ လူငယ်တွေအတွက် အားကစားတစ်ခု ထက်ပိုတဲ့အခြေအနေဖြစ်လာကြောင်း သုံးသပ်မှုများရှိလာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဥရောပနိုင်ငံအချို့တွေမှာ Esports ကို တက္ကသိုလ်ပညာရပ်၊ ဒီပလိုမာပညာရပ်တစ်ခုအ ဖြစ် သင်ကြားပို့ချမှုတွေရှိလာခဲ့သလို လူငယ်တွေရဲ့ ဘ၀တိုးတက်ရေးအတွက် အသက်မွေးဝမ်းကြောင်းတစ်ခုအ ဖြစ် ရပ်တည်နိုင်ဖို့ လှေကားထစ်တစ်ခုဖြစ်လာခဲ့ပြီလို့ သတင်းဖော်ပြမှုတွေရှိလာခဲ့တာပါ။

အရှေ့တောင်အာရှအားကစားပွဲတော်အတွင်း စတင်ထည့်သွင်းကျင်းပခဲ့တဲ့ Esports ကစားနည်းတွေဟာ ပြီးခဲ့တဲ့ အာရှအားကစားပွဲအတွင်းမှာပါ နေရာရလာခြင်းနဲ့အတူ လက်ရှိ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း Esports World ပြို င်ပွဲကျင်းပမည့်အခြေအနေအထိ တိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    eSports Event
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore