Mythic SEAL၊ AI Esports တို့ ဦးဆောင်နေတဲ့ Let’s Play Arena ပွဲစဉ်များ

2024-01-28 09:45:03 · Moba Game

ကျင်းပလျက်ရှိတဲ့ Let’s Play Arena ပြိုင်ပွဲရဲ့ ပွဲစဉ်-၂ အပြီးမှာတော့ ရလဒ်ကောင်းများရရှိနေခဲ့တဲ့ Mythic SEAL နဲ့ AI Esports တို့က အမှတ်ပေးဇယားကို အသီးသီးဦးဆောင်နေခဲ့ပြီး ချန်ပီယံဆုအတွက် ရေပန်းအစား ဆုံးဖြစ်နေခဲ့ပါတယ်။

အုပ်စုအနေအထားအရ အုပ်စု(က)မှာ Mythic Seal က ဦးဆောင်နေခဲ့ပြီး Falcon BLVKX ၊ 9K Esports၊ Zino Esports တို့ အစဉ်လိုက်ရပ်တည်နေခဲ့ကာ အုပ်စု(ခ)မှာတော့ AI Esports၊ Falcon Redddx၊ Target X၊ Team Star Boyz တို့က အမှတ်ပေးဇယားအထက်အောက် အသီးသီးရပ်တည်နေခဲ့တာပါ။

ပွဲစဉ် ၂ အပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့ အသင်း ၂သင်းဆုံးက အတည်ငြိမ်ဆုံးအခြေအနေကို ပိုင်ဆိုင်ထား တာလည်းဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရရှိထားတဲ့ AI Esports အနေနဲ့ Falcon Redddx ကို ၂ပွဲပြတ်အနိုင်ရ ထားသလို Mythic SEAL ကတော့ Falcon BLVKX ကို အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Moba Game
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore