‌ Esports အတွက် အမေရိကန်ဒေါ်လာ၄၅ သန်းအထိ ထပ်မံရင်းနှီးမြှုပ်နှံ့ဖို့ရှိနေတဲ့ ဆော်ဒီအာရေဗျ

2024-01-27 21:45:00 · Moba Game

၂၀၂၃ ခုနှစ်ကစပြီး Esports လောကပိုပြီးတိုးတက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့အတူ စတင်ရင်းနှီးမြှုပ်နှံမှုတွေပြုလု ပ်ထားတဲ့ ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ လက်ရှိ ၂၀၂၄ ခုနှစ်ကာလအတွင်းမှာလည်း  အမေရိကန်ဒေါ်လာ၄၅ သန်း အထိ ထပ်မံရင်းနှီးမြှုပ်နှံ့ဖို့ရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိလာခဲ့ပါတယ်။

အာရှဒေသတွင်းနိုင်ငံတွေအကြား ပရိသတ်စိတ်ဝင်စားမှုအများဆုံးရှိထားတဲ့ Mobile Legend ပြိုင်ပွဲကို ပိုမိုခမ်း နားအောင်ကျင်းပပေးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အခုလို အမေရိကန်ဒေါ်လာ၄၅ သန်းအထိ ထပ်မံရင်းနှီးမြှု ပ်နှံဖို့အသင်းရှိနေတယ်လို့ ရေးသားမှုတွေရှိလာခဲ့တာပါ။

Esports World Cup ဆိုတဲ့ နာမည်နဲ့အတူ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးဖို့ရှိနေ တဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်ကိုယ်တိုင်က International Esports Ferderation ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားမှုကြောင့် အခုလိုရင်းနှီးမြှုပ်နှံမှုတွေရှိလာခဲ့တာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေခဲ့ပြန်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Moba Game
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore