Game of Future ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် Burmese Ghouls

2024-01-27 18:45:00 · eSports Event

‌M5 Championship ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရခဲ့တဲ့ Burmese Ghouls အသင်းအနေနဲ့ ၂၀၂၄ ခုနှစ်ရဲ့ ပထမဦးဆုံး ပြည်ပဖိတ်ခေါ်ပွဲစဉ်ဖြစ်တဲ့ Game of Future ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ ကြောင်း ပြိုင်ပွဲကျင်းပရေးရဲ့ အတည်ပြုသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ Game of Future ပြိုင်ပွဲဟာ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမယ့် ပြိုင်ပွဲတွေထဲမှာ MSC ပြိုင်ပွဲပြီးရင် ဆု ကြေးငွေအမြင့်ဆုံးရရှိမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆုကြေးအမေရိကန်ဒေါ်လာတစ်သန်းအထိ ချီးမြှင့်ဖို့ရှိနေခဲ့ကာ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်ပြိုင်ပွဲလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ကနေ မတ်လ ၂ ရက်အထိကျင်းပမယ့် အဆိုပါပြိုင်ပွဲကို Mobile Legend လောကရဲ့ ထိပ် တန်း အသင်းအများစုပါဝင်လာဖို့ရှိနေခဲ့ပြီး Burmese Ghouls အသင်းနဲ့အတူ M3 ချန်ပီယံ Blacklist International၊ ‌M5 ချန်ပီယံ AP Bren Esports၊ အင်ဒိုနီးရှားထိပ်သီး RRQ တို့ပါဝင်မှာဖြစ်ကာ ‌M5 Championship ပြိုင်ပွဲဝင် အသင်းအများစုပါဝင်လာဖို့ရှိနေခဲ့တာပါ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    eSports Event
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore