‌GTA 6 စီးရီးအတွင်း IShowSpeed ရဲ့ ပုံရိပ်၊ အသံများထည့်သွင်းပေးရန် တောင်းဆိုမှုများရှိလာ

2024-01-27 15:45:00 · Console Game

အမေရိကန်ထိပ်တန်း Streamer တစ်ဦးဖြစ်တဲ့ IShowSpeed အနေနဲ့ ဒီဘက်ခေတ်အနေအထားအရ ပရိသတ် များစွာရရှိသူဖြစ်ပြီး အောင်မြင်မှုများစွာရရှိနေခဲ့ခြင်းကြောင့် အသစ်ထွက်ရှိလာမယ့် GTA 6 ဂိမ်းစီးရီးအတွင်း ထည့်သွင်းပေးရန် တောင်းဆိုမှုများရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိလာခဲ့ပါတယ်။

၂၀၂၅ ခုနှစ်မှာ ထုတ်ဝေမယ့် GTA 6 အတွင်း အဓိကဇာတ်ကောင်အချို့အပြင် အခြားသောပုဂ္ဂိုလ်တွေရဲ့ ပုံရိပ် တွေအသုံးပြုဖို့ရှိတယ်လို့ အတည်ပြုချက်ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပရိသတ်အချို့က IShowSpeed ရဲ့ အသံ၊ ရုပ်ပုံတွေကို ထည့်သွင်းအသုံးပြုဖို့ တောင်းဆိုခဲ့ကြတာပါ။

IShowSpeed အနေနဲ့ PC ဂိမ်းအများစုကို Live လွှင့်ဆော့ကစားတတ်တဲ့ Streamer တစ်ဦးဖြစ်ပေမယ့် ဘော လုံးဂိမ်းတွေကို အများဆုံးကစားတတ်သူဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးလောကရဲ့ထိပ်သီးကစားသမား တစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးဖြစ်လို့ မက်ဆီ+စီရော်နယ်ဒိုအားပြိုင်မှုအတွင်း IShowSpeed က စီရော်နယ်ဒိုဘက်ရပ်တည်သူတစ်ဦးဖြစ်ကာ ပရိသတ်အခိုင်အမာရရှိထားသူလို့ ပြောလို့ရပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Console Game
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore