ပြည်တွင်းထိပ်သီးအသင်းအများစုနဲ့ လက်တွဲခွင့်ရတဲ့ နည်းပြအဖြစ် DJ မှတ်တမ်းဝင်

2024-01-27 09:45:00 · eSports Event

MLBB လူငယ်နည်းပြတစ်ဦးဖြစ်သူ DJ အနေနဲ့ ‌M5 Championship ပြိုင်ပွဲဝင် Burmese Ghouls အသင်းက နေထွက်ခွာခဲ့ပြီးတဲ့နောက် လက်ရှိပြည်တွင်းရဲ့ အင်အားအကြီးဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Mythic SEAL ဆီရောက်ရှိခဲ့တဲ့အတွက် ပြည်တွင်းထိပ်သီးအသင်းအများစုနဲ့ လက်တွဲခွင့်ရတဲ့ နည်းပြတစ်ဦးအဖြစ်မှတ် တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ AI Esports မှာ ဝါရင့်နည်းပြ PVNDV နဲ့အတူ လက်ထောက်နည်းပြအဖြစ်ရပ် တည်ခဲ့ဖူးတဲ့ နည်းပြDJ ဟာ ‌M5‌ Myanmar Qualifier မှာ Burmese Ghouls အသင်းကို ချန်ပီယံဖြစ်အောင် နည်းပြ LynnDaddy နဲ့အတူ စွမ်းဆောင်ပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်သီးကစားသမားအများစုဖြစ်တဲ့ RubyDD၊ KENN၊ JUSTIN တို့ရှိရာ Mythic SEAL အသင်းကို နည်းပြအဖြစ်ရောက်ရှိလာပြီဖြစ်ပြီး စီနီယာနည်းပြတစ်ဦးဖြစ်တဲ့ HICCUP နဲ့အတူ လက်တွဲ ဆောင်ရွက်ဖို့ရှိနေခဲ့တာပါ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    eSports Event
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore