ဖျက်သိမ်းခဲ့ရတဲ့ Tokyo Event ကို ပြန်လည်ကျင်းပရန် အခက်အခဲအချို့ရင်ဆိုင်နေရတဲ့ Nintendo ကုမ္ပဏီ

2024-01-26 21:45:00 · eSports Event

ဂျပန်ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Nintendo ကုမ္ပဏီ အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ပွဲတော်အချို့ကျင်းပရန် စီစဉ်ထား မှုကို ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများစွာရှိနေခဲ့ပြီး ဖျက်သိမ်းခဲ့ရတဲ့ Tokyo Event ကိုပါ ဖျက်သိမ်းရဖို့ အခြေအနေရှိနေခဲ့တယ်လို့ cp24.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အစောပိုင်းသတင်းထုတ်ပြန်ချက်အရ Nintendo ကုမ္ပဏီ ရဲ့ Tokyo Event ကို ၂၀၂၄ ဇန်နဝါရီ ၂၀၊ ၂၁ ရက်များ တွင်း ကျင်းပရန် လျာထားခဲ့တယ်ဆိုပေမယ့် အခက်အခဲအချို့ကြောင့် ရွှေ့ဆိုင်းမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ရသလို လက်ရှိမှာလည်း ကျင်းပဖို့ မသေချာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ဒုစရိုက်မှု၊ ခြိမ်းခြောက်ခံရမှုအနည်းဆုံး နိုင်ငံဖြစ်ပေမယ့် Nintendo ကုမ္ပဏီရဲ့အချို့သောလုပ် ရပ်အချို့ကြောင့် ဝေဖန်မှုတွေရင်ဆိုင်နေရခြင်းနဲ့အတူ ခြိမ်းခြောက်မှုများရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အတည် မပြုနိုင်တဲ့သတင်းရင်းမြစ်အချို့အရ Nintendo ကုမ္ပဏီ အနေနဲ့ ဝန်ထမ်းအချို့အပေါ် လစာပေးချေမှုအပိုင်းအ တွင်း မသမာမှုအချို့ရှိခဲ့လို့ အခုလိုခြိမ်းခြောက်ခံရတာဖြစ်တယ်လို့ ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    eSports Event
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore