TECNO မှ အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ Camon 30 Premier 5G စမတ်ဖုန်းအသစ်

2024-03-01 19:00:00 · Android တို့ရဲ့ကမ္ဘာ

စပိန်နိုင်ငံ၊ ဘာစီလိုနာတွင် ကျင်းပခဲ့တဲ့ MWC 2024 ပြပွဲမှာ နည်းပညာကုမ္ပဏီများမှ ထုတ်ကုန်ပစ္စည်းများစွာ အပြင် ဆန်းသစ်တီထွင်မှုများ ကို ထုတ်ဖော် ကြေငြာခဲ့ပြီး Tecno ကုမ္ပဏီကလည်း Pocket Go (hands-on) လက်ကိုင်ခလုတ်နှင့် POVA 6 Pro တို့ ကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ Camon 30 Premier 5G စမတ်ဖုန်းကိုလည်း ပြသခဲ့ပြီး အဆိုပါ ဖုန်းဟာ Camon 20 Premier 5G ဖုန်းရဲ့ နောက်ဆက်တွဲ ထွက်ရှိလာတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။



Tecno Camon 30 Premier 5G တွင် Flat Frame တစ်ခု ပါရှိပြီး ဖုန်းရဲ့ အနောက်ဘက်မှာတော့ Folder Icon ဒီဇိုင်းကို Faux-leather ဖြင့် ပြုလုပ်ထားပုံရပါတယ်။ ဖုန်းမှာ 50MP Sony IMX890 ပင်မ ကင်မရာနှင့် 70mm Portrait periscope မှန်ဘီလူးအပါအဝင် ကင်မရာ ၃ လုံး စနစ်ကို စက်ဝိုင်းပုံ ကင်မရာ Module တွင် တပ်ဆင်ထားပြီး 60x hybrid zoom အထိ ရိုက်ကူးနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် မျက်လုံးခြေရာခံနည်းပညာပါတဲ့ 50MP Selfie snapper ပါဝင်လာမှာ ဖြစ်ပါတယ်။


Camon 30 Premier 5G ဖုန်းဟာ PolarAce Imaging စနစ်ပါရှိတဲ့ ပထမဆုံးဖုန်း ဖြစ်လာမယ်လို့ Tecno မှ ပြောကြားခဲ့ပါတယ်။ ဒီဖုန်းမှာ Sony Imaging Chip CXD5622GG ကို တပ်ဆင် ထားပြီး ဓာတ်ပုံများကို AI နည်းပညာသုံးပြီး အဆင့်မြင့်မားစွာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ စမတ်ဖုန်းဟာ ပထမဆုံး 4K 30fps HDR အဆင့်ရှိတဲ့ ဗီဒီယို ရိုက်ကူးခြင်းကို ပြုလုပ်နိုင်မယ်လို့လည်း သိရပါတယ်။


Tecno Camon 30 Premier 5G တွင် 1.5K Resolution ရှိတဲ့ Center-aligned Punch-hole Display ရှိပြီး အဲဒီ Display ဟာ ၁ ဘီလီယံ အရောင်များနှင့် အမြင့်ဆုံး Brightness ပမာဏ 1,400 nits ရှိတဲ့ LTPO Screen ဖြစ်ကြောင်း သိရပါတယ်။ Tecno Camon 30 Premier 5G ဖုန်းရဲ့ အတွင်းပိုင်းမှာတော့ MediaTek Dimensity 8200 Ultra Processor ကို ထည့်သွင်းထားပြီး Sony Imaging chip ကိုပါ တွဲဖက် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။


Tecno အနေနဲ့ Camon 30 Premier 5G ရဲ့ နောက်ထပ် အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေမယ့်လည်း ယခုနှစ် ဒုတိယသုံးလပတ်တွင် ဖြန့်ချိရန် စီစဉ်ထားပြီး ဧပြီလမှ ဇွန်လအတွင်း ထွက်ရှိလာနိုင်တယ်လို့ မျှော်လင့်နိုင်ကြောင်း သိရပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Android တို့ရဲ့ကမ္ဘာ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore