Nubia မှ အလွန်စျေးသက်သာသည့် ခေါက်ဖုန်း Nubia Flip 5G ကို မိတ်ဆက်ပြသ

2024-03-01 10:30:00 · Android တို့ရဲ့ကမ္ဘာ

ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သည့် Mobile World Congress 2024 (MWC) ပြပွဲတွင် ZTE ရဲ့ Nubia ဟာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းလောကထဲကို ပထမဆုံးခြေလှမ်းတစ်ရပ် အနေနှင့် Nubia Flip 5G ကို မိတ်ဆက်ပြီး ဝင်ရောက်လာခဲ့ပါတယ်။ ဒီစမတ်ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


Nubia Flip 5G ရဲ့ အသေးစိတ်အချက်အလက်များ

Nubia Flip 5G တွင် ကြီးမားတဲ့ ၆.၉ လက်မ FHD+ AMOLED Foldable Display ပါရှိပြီး 120Hz refresh rate ပါရှိပါတယ်။ ခေါက်ထားတဲ့အခါမှာ Resolution 466×466 pixels ရှိတဲ့ စက်ဝိုင်းပုံ ၁.၄၃ လက်မ AMOLED Screen ပေါ်မှတဆင့် Notifications များနှင့် အခြေခံလုပ်ဆောင်ချက်များကို အမြန် ဝင်ရောက် အသုံးပြုနိုင်စေပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ အဆိုပါခေါက်ဖုန်းဟာ ဖွင့်ပိတ်မှု အကြိမ်ရေပေါင်း ၂၀၀,၀၀၀ ကျော်ကို ခံနိုင်ရည်ရှိတဲ့ Dual-rail suspended hinge ပါရှိကြောင်း သိရပါတယ်။


Nubia Flip 5G ဖုန်းရဲ့ အတွင်းပိုင်းမှာတော့ Adreno 644 GPU ပါရှိတဲ့ Qualcomm Snapdragon 7 Gen 1 SoC ကို တပ်ဆင်ထားပြီး နေ့စဉ် လုပ်ငန်းတာဝန်များနှင့် လုပ်ဆောင်စရာ များစွာ အတွက် သင့်လျော်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီ ဖုန်းမှာ အဆင့်မြင့် ထိပ်တန်း Processor မပါဝင် ပေမယ့်လည်း ကုန်ကျစရိတ် သက်သာအောင် တည်ဆောက် ထားကြောင်း သိရပါတယ်။ ဖုန်းတွင် 6GB RAM နှင့် 128GB UFS 3.1 storage တို့ ပါဝင်ပြီး ချောမွေ့သွက်လက်တဲ့ လုပ်ဆောင်ချက်နှင့် လျင်မြန်သည့် ဒေတာကူးပြောင်းမှု အမြန်နှုန်းတို့ကို ရရှိစေပါတယ်။ ဒါ့အပြင် Android 13 ကိုလည်း ထည့်သွင်းထားပါတယ်။


ကင်မရာပိုင်းမှာတော့ Portrait ပုံများအတွက် 2MP Depth Sensor နှင့်အတူ 50MP ပင်မကင်မရာ ပါရှိပြီး 16MP ရှိတဲ့ ရှေ့ကင်မရာကတော့ ဗီဒီယိုခေါ်ဆိုမှုများနှင့် Selfie များအတွက် ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Nubia Flip 5G ဖုန်းမှာ Side-mounted Fingerprint Sensor ပါဝင်ပါတယ်။

Nubia Flip 5G မှာ ကျစ်လျစ်တဲ့ ဒီဇိုင်း ရှိပြီး 5G SA/NSA၊ Dual 4G VoLTE၊ Wi-Fi 6၊ Bluetooth 5.3၊ USB Type-C နှင့် NFC တို့ကို ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် 4310mAh ဘတ္ထရီကို တပ်ဆင်ထားပြီး 33W အမြန်အားသွင်းစနစ်ဖြင့် ဖုန်းကို ၇၃ မိနစ်အတွင်း အပြည့်အဝ အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။


Nubia Flip 5G ရဲ့ ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်မှု

Nubia Flip 5G ကို အနက်ရောင်နှင့် ရွှေရောင် စတဲ့ အရောင်များ ရွေးချယ်နိုင်ကာ စတင်ရောင်းချသည့် ဈေးနှုန်းမှာ ဒေါ်လာ ၅၉၉ ဖြစ်ပါတယ်။ ဒီဈေးနှုန်းကြောင့် လက်ရှိမှာ ရရှိနိုင်တဲ့ စျေးအသက်သာဆုံး ခေါက်ဖုန်းများထဲမှ တစ်ခုအဖြစ် စာရင်းဝင်စေပြီး ဈေးသက်သက်သာသာဖြင့် ခေါက်နိုင်တဲ့ စမတ်ဖုန်းကို အသုံးပြုလိုသူများအတွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာစေပါတယ်။ Nubia ဟာ အဆိုပါ ထုတ်ကုန်အတွက် စတင်ရောင်းချမည့်ရက် နှင့် ဝယ်ယူရရှိနိုင်တဲ့ စျေးကွက်များကို မကြေညာသေးပေမယ့်လည်း အဆိုပါ အချက်အလက်များကို မကြာမီ ထုတ်ဖော်မယ်လို့ မျှော်လင့်ထားပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Android တို့ရဲ့ကမ္ဘာ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore