Xiaomi မှ 2024 Redmi Book Pro 14 နှင့် 16 Laptops အသစ်များကို မိတ်ဆက်ပြသ

2024-02-29 10:30:00 · Latest App နှင့်သတင်းစုံစွာနည်းပညာကမ္ဘာ

Xiaomi ဟာ နောက်ဆုံးပေါ် နည်းပညာများဖြင့် အဆင့်မြင့် ထုတ်ကုန်ပစ္စည်းများ ဆက်လက်တိုးချဲ့ ထုတ်လုပ်လျက် ရှိနေပြီး တရုတ်နိုင်ငံတွင် ကျင်းပတဲ့ ပြပွဲတစ်ခုမှာ Xiaomi 14 Ultra ကို ပြသခဲ့ကာ လူအများစိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဒါတင်မကသေးဘဲ နောက်ထပ် စိတ်လှုပ်ရှားဖွယ်ရာ ထုတ်ကုန်များ အနေနဲ့ Xiaomi ဟာ 2024 Redmi Book Pro 14 နဲ့ 16 Laptops များကို မိတ်ဆက်ကြေညာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Laptops များရဲ့ အသေးစိတ်အချက်များကို ဆက်လက်ဖော်ပြလိုက်ပါတယ်။


Redmi Book Pro Series 2024 ရဲ့ အသေးစိတ်အချက်အလက်များ

Redmi Book Pro Laptop စီးရီးများအတွက် Xiaomi ရဲ့ ၂၀၂၄ ခုနှစ်ထုတ် နောက်ဆုံး Update များမှာ ပြောင်လက်လှပသည့် ဒီဇိုင်းရှိတဲ့ ၁၄ လက်မနှင့် ၁၆ လက်မ မော်ဒယ်များ ပါဝင်ပါတယ်။ အဆိုပါ Laptops များမှာ Intel 12th Generation Core Ultra Processor များကို တပ်ဆင်ထားတာကြောင့် ယခင် Redmi Book များထက် သိသိသာသာ စွမ်းဆောင်ရည် မြင့်မားနေပါတယ်။ 2024 Redmi Book Pro 16 မှာ Intel Core i5-13500H နှင့် i7-13700H Processors များပါဝင်တဲ့ အမျိုးအစားများကို ရွေးချယ်ဝယ်ယူ နိုင်ပြီး Redmi Book Pro 14 မှာတော့ Intel Core i5-13500H processor ပါရှိကြောင်း သိရပါတယ်။


Redmi Book Pro Series 2024 ရဲ့ Memory ပိုင်းမှာတော့ 16GB နှင့် 32GB LPDDR5X RAM များကို ရွေးချယ်နိုင်ပြီး ရွေးချယ်သည့် မော်ဒယ်ပေါ်မူတည်ကာ RAM ပမာဏလည်း ကွဲပြားသွားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Laptops များမှာ 512GB သို့မဟုတ် 1TB SSD storage များ ရွေးချယ်စရာ ရှိပြီး အဆိုပါ အမျိုးအစား နှစ်မျိုးလုံးရှိ Display ဟာ မြင့်မားတဲ့ Resolution နှင့် Brightness ပမာဏ 500 nits ရှိကြောင်း သိရပါတယ်။

Redmi Book Pro 16 2024

  • Processor: Intel Core Ultra 5 or Ultra 7 series
  • Memory: 32GB LPDDR5X
  • Storage: 512GB သို့မဟုတ် 1TB PCIe NVMe SSD
  • Display: 3.1K resolution, 165Hz refresh rate, 100% P3 color gamut, 500 nits brightness, Dolby Vision, multi-screen color calibration, DC dimming, TÜV Rheinland low blue light certification
  • Cooling: Dual-fan, triple heat pipe
  • Performance Release: 70W
  • Battery: 99Wh
  • အလေးချိန်: ၁.၈၈ ကီလိုဂရမ်
  • အထူ : ၁၅.၉ မီလီမီတာ
  • Ports: Thunderbolt 4, full-featured USB-C, two USB-A, HDMI 2.1, 3.5mm headphone jack
  • OS: Windows 11

Redmi Book Pro 14 2024

  • Processor: Intel Core Ultra 5 series
  • Memory: 16GB သို့မဟုတ်or 32GB LPDDR5X
  • Storage: 512GB or 1TB PCIe NVMe SSD
  • Display: 2.8K resolution, 120Hz refresh rate, 100% sRGB color gamut, 400 nits brightness, DC dimming
  • Performance Release: 65W
  • Battery: 80Wh
  • အလေးချိန်: ၁.၄ ကီလိုဂရမ်
  • အထူ : ၁၄.၉ မီလီမီတာ
  • Ports: Thunderbolt 4, full-featured USB-C, two USB-A, HDMI 2.1, 3.5mm headphone jack
  • OS: Windows 11

Redmi Book Pro 2024 Series ရဲ့ ဈေးနှုန်းများ

Redmi Book Pro 16 2024 ဈေးနှုန်းများ

  • Intel Ultra 5 125H / 32GB / 1TB: ဒေါ်လာ ၈၄၄.၁၇ ခန့်  
  • Intel Ultra 7 155H / 32GB / 1TB: ဒေါ်လာ ၉၈၄.၈၉ ခန့်

Redmi Book Pro 14 2024 ဈေးနှုန်းများ

  • Intel Ultra 5 125H / 16GB / 512GB: ဒေါ်လာ ၇၀၃.၄၅ ခန့်
  • Intel Ultra 5 125H / 32GB / 1TB: ဒေါ်လာ ၇၇၃.၈၁ ခန့်
  • Intel Ultra 7 155H / 32GB / 1TB: ဒေါ်လာ ၉၁၄.၅၃ ခန့်

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Latest App နှင့်သတင်းစုံစွာနည်းပညာကမ္ဘာ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore