ကင်မရာလေးလုံးပါဝင်သည့် ပထမဆုံး ခေါက်ဖုန်းဖြစ်တဲ့ Huawei Pocket 2 အဆင့်မြင့် ခေါက်ဖုန်းအသစ် (Review)

2024-02-28 19:00:00 · Android တို့ရဲ့ကမ္ဘာ

Huawei ဟာ နောက်ဆုံးထွက် Clamshell ခေါက်ဖုန်း Pocket 2 ကို ကြေညာခဲ့ပြီး အဆိုပါ ခေါက်ဖုန်းအသစ် Huawei Pocket 2 ရဲ့ အဓိက အချက်ကတော့ ဖုန်းမှာ ပါဝင်တဲ့ ပြင်ပကင်မရာလေးလုံးဖြစ်ကာ ကင်မရာလေးလုံးပါဝင်တဲ့ ပထမဆုံး ခေါက်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။ ပါဝင်တဲ့ ကင်မရာလေးလုံးကတော့


  • OIS နှင့် f/1.6 aperture ပါဝင်တဲ့ 50MP ပင်မ ကင်မရာ
  • f/2.2 aperture ပါဝင်တဲ့ 12MP ultra-wide ကင်မရာ
  • OIS နှင့် 3x optical zoom ပြုလုပ်နိုင်တဲ့ 8MP telephoto ကင်မရာ  
  • AI စွမ်းအင်သုံး 2MP hyperspectral ကင်မရာ

တို့ ဖြစ်ကြပါတယ်။  


Huawei Pocket 2 ရဲ့ AI စွမ်းအင်သုံး 2MP hyperspectral ကင်မရာဟာ အထူးခြားဆုံးဖြစ်ပြီး အဆိုပါ ကင်မရာဟာ UV sensor အဖြစ် လုပ်ဆောင်နိုင်ကာ UV ပမာဏ များပြားပြင်းထန်နေပြီ ဆိုရင် ဖုန်းရဲ့ External Screen မှာ အသုံးပြုသူကို အသိပေးအချက်ပြမှုများ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဖုန်းရဲ့ External Screen မှာ အသုံးပြုသူရဲ့ မျက်နှာပေါ်ရှိ Sunscreen လိမ်းရမယ့်နေရာများကို ဖော်ပြနိုင်ပြီး မျက်နှာပေါ်ရှိ နေလောင်ထားတဲ့ အစက်အပြောက်များကိုပင် ဖော်ထုတ်ပြသနိုင်ကာ မျက်နှာအလှအပ ထိန်းသိမ်းမှုဆိုင်ရာ အကြံပြုချက်များကို ပေးဆောင်နိုင်ပါတယ်။


ဒါ့အပြင် 2MP hyperspectral ကင်မရာဟာ တောက်ပရွှန်းစိုပြီး ပေါ်လွင်တဲ့ အရောင်များဖြင့် အပင်များရဲ့ စွဲမက်စရာကောင်းတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်စေတဲ့ Fluorescence Photography လုပ်ဆောင်ချက် ပါရှိပါတယ်။ ဒါ့အပြင် နောက်ထပ် သတိထားရမယ့် အချက်ကတော့ ရေစက်ပုံ ပတ္တာ အသစ်ဖြစ်ပြီး အဆိုပါ ပတ္တာအသစ်ကို အာကာသယာဉ်မှာ အသုံးပြုတဲ့ သံမဏိပစ္စည်းများဖြင့် တည်ဆောက်ထားပြီး Pocket 2 ကို ခေါက်လိုက်မယ်ဆိုရင် အလယ်မှာ လွတ်မနေဘဲ ထိကပ်လုနီးပါး ဒီဇိုင်းကို ပေးစွမ်းနိုင်ကြောင်း Huawei မှ ပြောကြားခဲ့ပါတယ်။


Huawei Pocket 2 တွင် ၆.၉၄ လက်မအရွယ် Flexible OLED Main Screen ပါရှိပြီး Brightness ပမာဏ အမြင့်ဆုံး 2,200 nits နှင့် 120Hz refresh rates တို့ကို ပေးစွမ်းနိုင်ပါတယ်။

၁.၁၅ လက်မအရွယ် External OLED Screen ဟာ နေ့စွဲနှင့်အချိန်ကိုပြသရန် Always-on Display အဖြစ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ External Screen မှာ Virtual Pet လေး တစ်ကောင် သတ်မှတ်ထားရှိနိုင်ပြီး အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိစိတ်ကြိုက် Avatar လေး နှင့် 3D emoji wallpaper ကို ထားရှိနိုင်ပြီး စိတ်ကြိုက် ပြောင်းလဲနိုင်ကြောင်း သိရပါတယ်။


Huawei Pocket 2 တွင် Kirin 9000S chipset၊ 12GB RAM၊ HarmonyOS 4 နှင့် 4,520mAh ဘတ္ထရီ တို့ ပါဝင်ပြီး 66W ကြိုးတပ်အမြန်အားသွင်းစနစ်နှင့် 40W ကြိုးမဲ့အားသွင်းစနစ်ကို ပံ့ပိုးပေးထားပါတယ်။

ဒါ့အပြင် ဖုန်းကို အေးမြနေစေဖို့အတွက် အပူစီးကူးမှုကို အားကောင်းစေတဲ့ Graphene Materials များစွာပါဝင်တဲ့ Ultra-cooling Vapour Chamber ကို ထည့်သွင်း တည်ဆောက် ထားကြောင်း သိရပါတယ်။


ဖုန်းရဲ့ နောက်ထပ် အချက်အလက်များထဲမှာ 512GB အထိ ရှိတဲ့ NM memory card ကို ထည့်သွင်းနိုင်ပြီး internal storage 256GB၊ 512GB နှင့် 1TB တို့ကို ရွေးချယ်နိုင်မှာ ဖြစ်ကာ Bluetooth 5.2 နှင့် USB Type-C port တို့ ပါဝင်ပါတယ်။

Huawei Pocket 2 ကို Tahitian Gray၊ Rococo White၊ Purple နှင့် Black စတဲ့ အရောင်လေးမျိုးဖြင့် ရွေးချယ်ဝယ်ယူ ရရှိနိုင်ပြီး စျေးနှုန်းများကို အမေရိကန်ဒေါ်လာ ၁,၄၉၄ မှ စတင် သတ်မှတ်ထားကြောင်း သိရပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Android တို့ရဲ့ကမ္ဘာ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore