Honor Magic 6 Pro စမတ်ဖုန်းတွင် မျက်လုံးများဖြင့် ကားတစ်စီးကို ထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက် ထွက်ရှိလာ

2024-02-27 19:00:00 · နည်းပညာအသစ် AIခေတ်

နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ နည်းပညာတွေကို အသုံးချလာတဲ့ ပုံစံတွေလည်း တိုးတက်ပြောင်းလဲ လာပါတယ်။ ဥပမာအားဖြင့် ဖုန်းများကို တစ်ချိန်က ခလုတ်များဖြင့် ထိန်းချုပ်အသုံးပြုခဲ့ပြီး ယခုအချိန်မှာ Touchscreen များဖြင့် ထိန်းချုပ်လုပ်ဆောင်နိုင်နေပါပြီး ထိတွေ့စခရင်များက လွှမ်းမိုးသွားခဲ့သည်။ ယခုအခါမှာတော့ Honor က AI နည်းပညာကို အသုံးပြုပြီး စမတ်ဖုန်းကို မျက်စိနဲ့ ထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။


Honor သည် သင့်မျက်လုံးများရဲ့ လှုပ်ရှားမှုများကို ခြေရာခံရန် AI နည်းပညာကို အသုံးပြုပြီး သင့်ဖုန်းကို ထိတွေ့စရာမလိုဘဲ အလုပ်များကို ဆောင်ရွက်နိုင်စေမယ့် လုပ်ဆောင်ချက်ကို တီထွင်နေတယ်လို့ သိရပါတယ်။ အဆိုပါ နည်းပညာဟာ ဘယ်လောက်ထိ ကောင်းမွန်စွာ လုပ်ဆောင်လို့ ရနိုင်မလဲဆိုရင် ကားကိုပါ ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


Honor ရဲ့ AI စနစ်သုံး မျက်လုံးခြေရာခံတဲ့ လုပ်ဆောင်ချက်ကြောင့် စက်ပစ္စည်းများကို ထိန်းချုပ်ပုံ နည်းလမ်းများ ပြောင်းလဲသွားစေနိုင်ပါတယ်။ UK Automotive Engineering ပညာရှင် James Brighton ဟာ Honor Magic 6 စမတ်ဖုန်းကို အသုံးပြုပြီး ကားတစ်စီးကို မျက်လုံးဖြင့် ထိန်းချုပ်ရွေ့လျားစေခြင်းဖြင့် အဆိုပါ လုပ်ဆောင်ချက်ကို သရုပ်ပြခဲ့ပါတယ်။


Honor ရဲ့ သရုပ်ပြချက်မှာ မျက်လုံးခြေရာခံနည်းပညာရဲ့ စွမ်းရည်ကို ပြသထားပြီး HONOR Magic 6 Pro ကို အသုံးပြုကာ Screen controls များကို ကြည့်လိုက်ရုံဖြင့် ကားရဲ့ အင်ဂျင်နှင့် လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ပါတယ်။


ဒါဟာ နည်းပညာအပေါ် လူသားတွေရဲ့ ထိန်းချုပ်နိုင်မှုများကို တော်လှန်ပြောင်းလဲနိုင်တဲ့ မျက်လုံးခြေရာခံခြင်း နည်းပညာရဲ့ အလားအလာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    နည်းပညာအသစ် AIခေတ်
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore