အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို အသက်တမျှတန်ဖိုးထားပါတယ်လို့ ဖွင့်ဟလာတဲ့ ထက်ထက်မိုးဦး

2024-05-18 11:00:00 · Cele Times

အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို အသက်တမျှတန်ဖိုးထားပါတယ်လို့ ဖွင့်ဟလာတဲ့ ထက်ထက်မိုးဦး


ပရိသတ်ရဲ့အားပေး ချစ်ခင်မှုကို ယနေ့တိုင်ရရှိနေတဲ့ မင်းသမီးထက်ထက်မိုးဦးကတော့ အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို အသက်တမျှတန်ဖိုးထားပါတယ်လို့ ဖွင်ဟလာပါတယ်။"အသက်တွေ တစ်နှစ်တစ်နှစ်ကြီးလာတာနဲ့အမျှ အချိန်တွေဟာ သိပ်တန်ဖိုးရှိလာသလို အချိန်မရွေးသေသွားနိုင်တယ်ဆိုတဲ့ သတိလေးနဲ့အတူ တစ်ဦးနဲ့တစ်ဦး မေတ္တာတွေပေးဝေငှလို့ အမြဲအားတွေ ပြန်ပြန်ဖြစ်ခဲ့ရတယ်။ အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို အသက်တမျှ တန်ဖိုးထားပါတယ်။ အမှတ်တရလေးတွေကိုလည်း တန်ဖိုးထားပါတယ်ရှင်။ ကျေးဇူးများစွာမမေ့ပါရှင် " လို့ အကယ်ဒမီ ထက်ထက်မိုးဦးက ပရိသတ်ကို ရင်ဖွင့်လာပါတယ်။

သူမက ကျန်းမာရေးနဲ့ပတ်သက်ပြီး နှလုံး ၊ ဝမ်းဗိုက်နဲ့ လည်ပင်းခွဲစိတ်မှုတွေကို လုပ်ဆောင်ထားရသူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသည်းမှာ ရေအိတ်တည်နေလို့ ဆေးကုသမှုခံထားလျှက်ရှိတာလည်းဖြစ်ပါတယ်။ ထက်ထက်မိုးဦးက လူ့ဘဝဟာ မကျန်းမာရင် ရပ်တည်ရတာမလွယ်ဘဲ လူပင်ပန်းရင် စိတ်ပိုပင်ပန်းရတယ်လို့လည်း ဆိုပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Cele Times
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore